မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူးပြီး Victor Myanmar Group Co.Ltd မှ ကူညီကာ T&T Group  မှ စီစဉ်ကျင်းပတဲ့ Mandalay Rumbling Fight နိုင်ငံတကာရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကြီးအတွက်  စာနယ်ဇင်းမိတ်ဆက်ပွဲကို သြဂုတ်လ(၂)
ရက်နေ့က ရန်ကုန်မြို့ Central Hotel  မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Mandalay Rumbling Fight  နိုင်ငံတကာရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကြီးကို သြဂုတ်လ (၆)ရက်နေ့လယ်(၂)နာရီအချိန်မှာ သိမ်ဖြူလက်ဝှေ့အားကစားရုံမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပြည်တွင်းတွဲဆိုင်း(၈)ဆိုင်းနဲ့ နိုင်ငံတကာအထူးစိန်ခေါ်ပွဲကြီးလည်း ပါဝင်မှာ ဖြစ်ပါတယ်။Mandalay Rumbling Fight  ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ထိုးသတ်မယ့် နိုင်ငံတကာ အထူး စိန်ခေါ်ပွဲ ကြီးမှာတော့ စိုးလင်းဦး (မြန်မာ)အနေနဲ့ ဆာလာဒွိုက်(ပိုလန်)တို့က ထိုးသတ်ကြမှာဖြစ်ပြီး အခုပွဲစဉ်မှာတော့ စိုးလင်းဦး (မြန်မာ)နဲ့ ဆာလာဒွိုက်(ပိုလန်)တို့ရဲ့ ဒုတိယအကြိမ်မြောက်တွေ့ဆုံမှုဖြစ်ပြီး မြန်မာရိုးရာစည်းမျဉ်းဖြစ်တဲ့ အလဲထိုးစနစ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။စိုးလင်းဦး အနေနဲ့ ပထမအကြိမ် အမှတ်နဲ့ထိုးသတ်ခဲ့တဲ့ပွဲမှာတော့ ဆာလာဒွိုက် (ပိုလန်)ကို ရှုံးနိမ့်ထားခဲ့တဲ့အတွက် အခုပွဲစဉ်ကိုတော့ ပြန်လည်စိန်ခေါ်ထိုးသတ်တာလည်းဖြစ်ပါတယ်။Mandalay Rumbling Fight  လက်ဝှေ့ပြိုင်ပွဲကြီးရဲ့ လက်မှတ်ဈေးနှုန်းတွေကတော့ ၁ သောင်းကျပ်၊ ၂ သောင်းနဲ့ ၃ သောင်းကျပ်ဆိုပြီး သတ်မှတ်ထားပါတယ်။
 
 
 

Related News