ကိုးကြိမ်မြောက်အဖြစ် ကျင်းပတဲ့ နေပြည်တော် ၀န်ကြီးဌာနပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲမှာ ပြည်ထဲရေးဝန်ကြီးဌာန ဘောလုံးအသင်းက ဗိုလ်စွဲခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို သြဂုတ်လ ၂ ရက်က နေပြည်တော်မှာရှိတဲ့ ၀ဏ္ဏသိဒ်္ဓိဘောလုံးကွင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ဘောလုံးအသင်းက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနဘောလုံး အသင်းကို သုံးဂိုး၊ နှစ်ဂိုးနဲ့ အနိုင်ရကာ ဗိုလ်စွဲခဲ့တာပါ။ 
 
ဗိုလ်လုပွဲကို ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒေါက်တာဝင်းမြတ်အေး၊ ဒေါက်တာမြင့်ထွေးနဲ့ ဒေါက်တာမျိုးသိမ်းကြီးတို့ တက်ရောက် အားပေးခဲ့ကြပြီး ပထမဆုရရှိတဲ့ ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို ဆုငွေကျပ် ၁၅ သိန်း၊ ဒုတိယဆုရရှိတဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနဘောလုံး အသင်းကို ဆုငွေကျပ် ၁၀ သိန်းနဲ့ တတိယဆုရရှိတဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဘောလုံးအသင်းကိုဆုငွေကျပ် ၆ သိန်း အသီးသီးချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ 
 
ဒါ့အပြင် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံး နောက်တန်းဆု၊ အကောင်းဆုံး အလယ်တန်းဆုနဲ အကောင်းဆုံး ရှေ့တန်းဆုတွေကိုလဲ ရွေးချယ်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ၀န်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်ထဲက စတင်ကျင်းပခဲ့ တာဖြစ်ပြီး ၀န်ကြီးဌာနဘောလုံးအသင်းပေါင်း ၁၆ သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုလေးအုပ်စုခွဲ ယှဉ်ပြိုင်စေခဲ့တယ်လို့ သိရပါတယ်။
 
 

Related News