မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူးပြီး Victor Myanmar Group Co.Ltd မှ အဓိကပံပိုး ကူညီကာ T&T Group  မှစီစဉ်ကျင်းပသော Mandalay Rumbling Classic Fight နိုင်ငံတကာရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကြီးကို သြဂုတ်(၆)ရက်နေ့ နေ့လယ်(၂)နာရီက သိမ်ဖြူ အားကစားကွင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Mandalay Rumbling Clssic Fight ပြိုင်ပွဲကြီးကို ၄ ချီစိန်ခေါ်ပွဲ (၂) ပွဲ၊ ၅ ချီစိန်ခေါ်ပွဲ (၆) ပွဲအပြင် နိုင်ငံတကာအထူးစိန်ခေါ်ပွဲ (၁)ပွဲနဲ့ ကျင်းပခဲ့ပါတယ်။ နိုင်ငံတကာအထူးစိန်ခေါ်ပွဲကိုတော့ စိုးလင်းဦး (မြန်မာ)နဲ့ ပိုလန်နိုင်ငံသား အာသာဆာလာဒွိုက်တို့က ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီး အလဲထိုးစနစ်နဲ့ ယှဉ်ပြိုင်တာလည်း ဖြစ်ပါတယ်။
 
စိုးလင်းဦးအနေနဲ့ ဆာလာဒွိုက်ကို ပထမပွဲစဉ်မှာ အမှတ်နဲ့ရှုံးနိမ့်ထားခဲ့တဲ့အတွက် အခုပွဲစဉ်ကို အကောင်းဆုံးထိုးသတ်ခဲ့ပေမယ့်လည်း (၅) ချီအတွင်းမှာ အရှုံးအနိုင်မပေါ်ခဲ့ပဲ ပူးတွဲသရေသာ ရရှိခဲ့ပါတယ်။စိုးလင်းဦးအနေနဲ့ အခုပွဲစဉ်တွင် ရှုံးကြွေးဆပ်ဖို့အတွက် ဆာလာဒွိုက်ကို ပွဲစစချင်းမှာပဲ တိုက်စစ်ဖွင့် ထိုးသတ်ခဲ့ပေမယ့်လည်း ဆာလာဒွိုက်ကတော့ ပါးနပ်စွာပြန်လည်ထိုးသတ်ခဲ့တာကြောင့် ပူးတွဲသရေရှိ ခဲ့တာပဲ ဖြစ်ပါတယ်။
 
ကျန်ပွဲစဉ်များတော့ လေးချီစိန်ခေါ်ပွဲ (၂)ပွဲမှာ သရေပွဲဖြစ်ခဲ့ပြီး (၅) ချီစိန်ခေါ်ပွဲ (၅)မှာတော့ အလဲထိုး(၂)ပွဲနှင့် သရေ(၃)ပွဲဖြစ်ခဲ့ပါတယ်။ အဆိုပါပြိုင်ပွဲကြီးကို ပရိသတ်အများအပြား လာရောက် အားပေးခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ 
 
 
 

Related News