Grand Royal Street Football  နောက်ဆုံးဗိုလ်လုပွဲနဲ့ ဆုပေးပွဲအခမ်းအနားကို  ဒီဇင်ဘာလ (၃)ရက်နေ့က Junction Square Promotion Area မှာ ကျင်းပပြု လုပ်ခဲ့ပါတယ်။ Grand Royal Street Football  ဖူဆယ်လ်ပွဲကိုတော့ ဖူဆယ်လ်ဘောလုံးကို တကယ်ဝါသနာ ပါသူတွေအတွက် ရည်ရွယ်ပြီးကျင်းပပေးခဲ့တာလည်းဖြစ်ပါတယ်။ အခု ဖူဆယ်လ်နောက်ဆုံးဗိုလ်လုပွဲ မှာ Sliver Star FC  အသင်းနဲ့ MMU အသင်းတို့ကတွေ့ဆုံခဲ့တာလည်းဖြစ်ပါတယ်။ အဲ့ဒီ နှစ်သင်းကတော့ ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးခြေစွမ်းပြကစားပြီး အခုဗိုလ်လုပွဲကိုတက်   ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။နောက်ဆုံးဗိုလ်လုပွဲမှာတော့ MMU အသင်းက (၅)ဂိုး (၃)ဂိုးနဲ့ Sliver Star FC  အသင်းကို အနိုင်ရရှိပြီးတော့ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိ သွားခဲ့ပါတယ်။
 
ဆက်လက်ပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပခဲ့ရာ တတိယဆုရရှိသွားတဲ့ Hero FC  အသင်းကို ဆုငွေ(၁၀)သိန်းနဲ့ ဆုဖလား၊ ဒုတိယဆုရရှသွားတဲ့ Sliver Star FC  အသင်းကို ဆုငွေ (၁၅)သိန်းနဲ့ ဆုဖလား၊ ပထမဆုရရှိသွားတဲ့ MMU အသင်းကို ဆုငွေ (၂၅)သိန်းနဲ့ ဆုဖလားကို ချီးမြှင့်ခဲ့ပါတယ်။ နောက်ဆုံးမှာ အကောင်းဆုံးကစားသမားဆုနဲ့ အကောင်းဆုံးဂိုး သမားဆုကို ချီးမြှင့်ခဲ့ပါတယ်။ အကောင်းဆုံးကစားသမားဆုကို MMU အသင်းမှ ဘုန်းမြတ်မင်းနဲ့ အကောင်းဆုံးဂိုးသမားဆုကို MMU အသင်းမှ အောင်မင်းထက်က ရရှိသွားခဲ့ပါတယ်။ Grand Royal Street Football ဖူဆယ်လ်ပြိုင်ပွဲကို အခု ရန်ကုန်မှာအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်သလို နယ်မြို့များမှာလည်း ဖူဆယ်လ်ပြိုင်ပွဲများကို ကျင်းပပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။
 
 

Related News