Zonal Semi-Final ဒုတိယအကျော့ပွဲစဉ်အဖြစ် မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ဖိလစ်ပိုင်ကလပ် (ဆီရက်နီဂရို့စ်) အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာမှာ ရန်ကုန်ယူနိုက်တက်အသင်းကအနိုင်ရရှိခဲ့ပေမယ့် နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

ပထမအကျော့ပွဲစဉ်အဖြစ် ဆီရက်စ်နီဂရို့စ်အသင်းရဲ့အိမ်ကွင်းမှာယှဉ်ပြိုင်ကစားခဲ့ရာမှာ ဆီရက်စ်နီဂ ရို့စ်အသင်းက (၄) ဂိုး (၂) ဂိုးနဲ့အနိုင်ရရှိခဲ့တာကြောင့် ရန်ကုန်ယူနိုက်တက်အသင်းဟာ ဒုတိယအကျော့ပွဲစဉ်မှာ (၂) ဂိုးပြတ်နဲ့အနိုင်ရရှိဖို့လိုအပ်နေခဲ့တာဖြစ်ပါတယ်။ ရန်ကုန်ယူနိုက်တက် အသင်းဟာ ဒုတိယအကျော့ပွဲစဉ်မှာ အကောင်းမွန်ဆုံး  ရလဒ်တစ်ခုကို ပုံဖော်နိုင်ဖို့ အတွက် ပြင်ဆင်မှု အားကောင်းခဲ့ပေမယ့်လည်း (၃)ဂိုး (၂)ဂိုးနဲ့သာ ပြန်လည်အနိုင်ရရှိခဲ့ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းဟာ ပွဲအစ(၂)မိနစ်မှာပဲ ဦးဆောင်ဂိုး စောစီးစွာရရှိခဲ့ပေမယ့် (၇)မိနစ်မှာတော့ ကွင်းလယ်လူရန်လင်းအောင်ရဲ့အမှားကနေ ဆီရက်စ်နီဂရို့စ်အသင်း ကချေပဂိုး ပြန်လည်ပေးခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ ရန်ကုန်ယူနိုက်တက်အသင်းဟာ သွင်းဂိုးရရှိဖို့ လိုအပ်လာခဲ့တာကြောင့် ဖိဖိစီးစီးယှဉ်ပြိုင်ခဲ့ပေမယ့်လည်း ပွဲကစားချိန် (၇၆) မိနစ်မှာ ဦးဆောင်ဂိုး ထပ်မံခွင့်ပြုပေးခဲ့ရပါတယ်။ 

ပွဲကစားချိန် (၈၂) မိနစ်နဲ့ (၈၆) မိနစ်တို့မှာ သွင်းဂိုး (၂) ဂိုး ထပ်မံရရှိခဲ့ပေမယ့်လည်း သွင်းဂိုးထပ်မံရရှိခြင်းမရှိခဲ့တာကြောင့် (၃) ဂိုး (၂) ဂိုးနဲ့ သာကျေနပ်ခဲ့ရပါတယ်။ 
ရန်ကုန်ယူနိုက်တက်အသင်း အတွက်သွင်းဂိုးတွေကိုတော့ ကိုဆူကီ၊ အီစိုးနဲ့ ဆေလာတို့က သွင်းယူပေးခဲ့ကြပြီး၊ ဆီရက်နီဂရို့စ်အသင်းအတွက်သွင်းဂိုးတွေကိုတော့ မန်နုရယ်အော့နဲ့ ဘိုင်ဗီတို့က သွင်းယူပေးခဲ့ကြပါတယ်။

 

 

 


 

Related News