(၂၁)ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ(၁၄)ရက်နေ့ကနေ ဇူလိုင်လ(၁၅)ရက်ထိ ရုရှားနိုင်ငံမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး၊ ဒီကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မြန်မာနိုင်ငံကပြည်သူတွေအနေနဲ့ အားပေးတဲ့အသင်းတွေရဲ့ ရလဒ်တွေကို စိတ်ဝင်တစားမျှော်လင့်နေကြပါတယ်။ 

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ရုရှားနိုင်ငံ မော်စကိုမြို့မှာ ဒီကနေ့ ဇွန်လ(၁၄)ရက်နေ့ မြန်မာစံတော်ချိန် ည(၉) နာရီအချိန်မှာ ဖွင့်ပွဲအခမ်းအနားကို ပြုလုပ်သွားမှာဖြစ်ပြီး၊ မြန်မာစံတော်ချိန် ည(၉)နာရီခွဲအချိန်မှာတော့ ရုရှားအသင်းနဲ့ ဆော်ဒီအာရေးဗျအသင်းတို့က ပထမဆုံးပွဲအဖြစ်ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။ (၂၁)ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ရုရှားနိုင်ငံရဲ့မြို့တော် မော်စကိုနဲ့ စိန့်ပီတာစဘက်ခ်ျတို့ အပါအ၀င် မြို့ကြီး(၁၁)မြို့မှာ ကျင်းပသွားမှာဖြစ်ပြီး၊ ဥရောပတိုက်၊ တောင်အမေရိကတိုက်၊ မြောက်အမေရိကတိုက်၊ အာရှတိုက်နဲ့ အာဖရိတိုက်မှ အသင်းပေါင်း(၃၂)သင်းတို့က ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ 

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့လက်ရှိချန်ပီယံအဖြစ် ဂျာမနီအသင်းက ရပ်တည်နေခဲ့ပြီး၊ ပြိုင်ပွဲရဲ့အအောင်မြင်ဆုံးအသင်းအနေနဲ့ကတော့ ဘရာဇီးအသင်းက ချန်ပီယံဆု(၅)ကြိမ်နဲ့ ရပ်တည် နေပါတယ်။ ဒါ့ကြောင့် ဒီကနေ့ညမှာစတင်ယှဉ်ပြိုင်ကြတော့မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မြန်မာနိုင်ငံမှာရှိတဲ့ ပရိသတ်တွေရဲ့အားပေးသံစကားတွေကိုလည်း အခုလိုမေးမြန်းထားပါတယ်။

၂၀၁၈ ခုနှစ်မှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ရှရှားနိုင်ငံဟာ ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ ပထမဆုံးအကြိမ် အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံကျင်းပခွင့်ရရှိခဲ့ပါတယ်။ ရုရှားနိုင်ငံကသတ်မှတ်ထားခဲ့တဲ့ လက်မှတ်ဈေးနှုန်းတွေဟာ မြန်မာငွေနဲ့တွက်ချက်မယ်ဆိုပါက အနည်းဆုံးမြန်မာငွေ (၂၆၆၈၀) ကနေ အမြင့်ဆုံး လက်မှတ်ဈေးနှုန်းကတော့ မြန်မာငွေ (၁၃၈၆၀၀၀) ကုန်ကျမှာဖြစ်ပါတယ်။

 

 

Related News