၂၀၁၈ - ၂၀၁၉ တိုင်းနဲ့ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲများကို ဇွန်လ(၁၃)ရက် နေ့လည် (၁) နာရီက သိမ်ဖြူလက်ဝှေ့ အားကစားရုံမှာ ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၈ - ၂၀၁၉ တိုင်းနဲ့ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲမှာ တိုင်းနဲ့ပြည်နယ် အသီးသီးက မြန်မာ့ရိုးရာလက်ဝှေ့ ကစားသမားတွေက ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အခုနှစ်ပြိုင်ပွဲမှာ ကရင်ပြည်နယ်က လက်ဝှေ့သမားတွေသာမကပဲ အခြားတိုင်းနဲ့ပြည်နယ်က လက်ဝှေ့ကစားသမားတွေပါ စွမ်းဆောင်ရည်ကောင်းတွေနဲ့ အောင်မြင်လာတာကို တွေ့ခဲ့ရ   ပါတယ်။

ပြိုင်ပွဲမှာ အမျိုးသား ၊ အမျိုးသမီး ကီလိုတန်းအလိုက် ကျင်းပခဲ့တာဖြစ်ပြီး (က) အဆင့် (ခ)အဆင့် ဆို  ပြီး သတ်မှတ်ကာ ယှဉ်ပြိုင်ခဲ့တာလည်းဖြစ်ပါတယ်။အခု ပြိုင်ပွဲက မြန်မာ့ရိုးရာလက်ဝှေ့ကစားသမား ရှားပါး လာမှုကို အထောက်အကူပြုစေရန် ရည်ရွယ်ပြီး ကျင်းပခဲ့တာဖြစ်ပြီး  တိုင်းနဲ့ပြည်နယ်အသီးသီးက မျိုးဆက် သစ်ကစားသမားကောင်းများ ပေါ်ထွက်လာစေရေး  အတွက် အဓိကထားပြီး ကျင်းပခဲ့တာဖြစ်ပါတယ်။

တိုင်းနဲ့ပြည်နယ်ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ဇွန်လ(၄)ရက်နေ့ကစတင်ကျင်းပခဲ့တာဖြစ်ပြီး ဇွန်လ(၁၃)ရက်နေ့ ပြိုင်ပွဲ ပြီးဆုံးချိန်မှာ အမျိုးသားပြိုင်ပွဲ ပထမဆုအဖြစ် (၁)သိန်းခွဲ ၊ ဒုတိယဆုအဖြစ်   (၁)သိန်း ၂ သောင်း ၊ တတိယဆုအဖြစ် (၁)သိန်းဆုချီးမြှင့်ပေးခဲ့ပြီး  အမျိုးသမီးပြိုင်ပွဲမှာ ပထမဆု (၇)သောင်း   ဒုတိယဆု (၆)သောင်း ၊ တတိယဆုကို (၅)သောင်းကို ရိုးရာလက်ဝှေ့အဖွဲ့ချူပ်က ချီးမြှင့်ပေးခဲ့ပြီး ထပ်ဆောင်း   ဆုကြေးအဖြစ် အမျိုး သား ပထမဆုရတဲ့ကစားသမားကို (၁)သိန်းခွဲ ၊ ဒုတိယဆုကို (၁)သိန်း (၂)သောင်း ပေးခဲ့ပြီးအမျိုးသမီး ပထမဆုရတဲ့ကစားသမားကို (၃)သောင်း ၊ ဒုတိယဆုကို (၂)သောင်းနဲ့ တတိယဆုကို  (၁)သောင်း ထပ်မံ ချီးမြှင့် ပေးခဲ့ပါတယ်။

အခုပြိုင်ပွဲက ရက်ရှည်ကျင်းပပြီး ဆုကြေးနည်းပါးတာကြောင့် ကစားသမားများအတွက် အခက်အခဲများလည်း ရှိခဲ့ပါတယ်။အခု ကျင်းပပြီးစီးခဲ့တဲ့ တိုင်းနဲ့ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲက ဆုရရှိခဲ့တဲ့ မျိုးဆက်သစ်ကစားသမားများကို ရိုးရာလက်ဝှေ့ပြိုင်ပွဲ စီစဉ်သူများမှ ဂျပန်လက်ဝှေ့အဖွဲ့ချူပ်နဲ့ ပူးပေါင်းကျင်းပသွားမဲ့ပွဲမှာ ထည့်သွင်းအသုံးပြုသွားမယ်လို့လည်း သိရပါတယ်။

 

 

Related News