(၂၀၁၈)ကမ္ဘာ့ဖလားအုပ်စု(A)နဲ့အုပ်စု(B)ပွဲစဉ်တွေရဲ့နောက်ဆုံးပွဲစဉ်တွေအထိ ယှဉ်ပြိုင်ကစားအပြီးမှာ စုစုပေါင်းသွင်းဂိုး(၉၇)ဂိုးသွင်းယူထားပြီး အဲဒီထဲမှာ ရီးယဲယ်မက်ဒရစ်အသင်းရဲ့ကစားသမားတွေက သွင်းဂိုး (၉) ဂိုးထိသွင်းယူထားတာ ဖြစ်ပါတယ်။ ယခုနှစ်ကမ္ဘာ့ဖလားမှာ ရီးယဲယ်မက်ဒရစ်အသင်းရဲ့ ကစားသမားတွေက သွင်းဂိုး(၉)ဂိုးထိသွင်းယူထား ပြီး တခြားအသင်းတွေထက် ဂိုးပိုမိုသွင်းယူထားပါတယ်။

ကမ္ဘာ့ဖလားမှာ ဂိုးပိုမိုသွင်းယူထားတဲ့ ဒုတိယမြောက် အသင်းကတော့ စပါးအသင်းဖြစ်ပြီး (၇)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ စပါးအသင်းရဲ့နောက်မှာ ဘာစီလိုနာ က(၆)ဂိုး၊ မန်ယူ၊အက်သလက်တီကိုမက်ဒရစ်အသင်းတို့က(၅)ဂိုးစီသွင်းယူထားတာဖြစ်ပါတယ်။ ရီးယဲယ်မက် ဒရစ်အသင်းရဲ့ ကစားသမားတွေထဲမှာဆိုရင် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုက စပိန်အသင်းဘက်ကို (၃)ဂိုးဟက်ထရစ် သွင်းယူတာအပါအ၀င် (၄)ဂိုးထိသွင်းယူထားပြီး ခရိုအေးရှားမှ မိုဒရစ်က (၂)ဂိုး၊ စပိန်မှ အစ္စကိုနဲ့နာချို ဂျာမနီမှ တိုနီကရူးစ်တို့က(၁)ဂိုးစီသွင်းယူထားပါတယ်။

စပါးကစားသမားတွေသွင်းယူထားတဲ့ (၇)ဂိုးထဲမှာ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းက တစ်ဦးတည်း(၅)ဂိုးထိသွင်းယူထားပြီး ဒိန်းမတ်မှ အဲရစ်ဆင်နဲ့ တောင်ကိုရီးယားမှ ဆွန်ဟောင်မင်တို့က (၁)ဂိုးစီသွင်းယူထားတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကစားသမား တွေသွင်းယူထားတဲ့ (၆)ဂိုးထဲမှာ ဘရာဇီးမှ ကော်တင်ညိုနဲ့ ဥရုဂွေးမှ ဆွာရက်တို့က (၂)ဂိုးစီ၊ ကိုလံဘီယာမှ မီနာ၊ ခရိုအေးရှားမှ ရာကီတစ်တို့က(၁)ဂိုးစီ သွင်းယူထားတာဖြစ်ပါတယ်။

မန်ယူကစားသမားတွေမှသွင်းယူထား တဲ့ (၅)ဂိုးထဲမှာ ဘယ်ဂျီယံအတွက် (၄)ဂိုးထိသွင်းယူထားတဲ့ လူကာကူနဲ့ အင်္ဂလန်အတွက်(၁)ဂိုးသွင်းယူထားတဲ့ လင်ဂတ်တို့ရှိနေတာဖြစ်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်ကစားသမားတွေမှ သွင်းယူထားတဲ့(၅)ဂိုးဆိုရင် လည်း စပိန်တိုက်စစ်မှူး ဒီယေဂိုကော်စတာ က(၃)ဂိုး၊ ပြင်သစ်တိုက်စစ်မှူးဂရစ်မန်းနဲ့ ဥရုဂွေးနောက်ခံလူ ဂျင်မီနက်တို့က (၁)ဂိုးစီသွင်းယူထားတာဖြစ်ပါတယ်။ ရီးယဲယ်မက်ဒရစ်ကစားသမားတွေထဲမှာ တိုက်စစ်က စီရော်နယ်ဒိုတစ်ဦးထဲသာ ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရခဲ့ပြီး ဂါရက်ဘေးလ်ရဲ့ ဝေးလ်အသင်းက ခြေစစ်ပွဲမအောင်ခဲ့သလိုဘန်ဇီးမားကလည်း ပြင်သစ်အသင်းမှချန်လှပ်ခံခဲ့ရပါတယ်။ စီရော်နယ်ဒိုကတော့ အီရန်အသင်းနဲ့ပွဲစဉ်မှာ ပင်နယ်တီလွဲချော်ခဲ့တာကြောင့်သာ (၅)ဂိုးဖြစ်မယ့်အခွင့်အရေးလွဲချော်ခဲ့ပြီး သွင်းဂိုး(၄)ဂိုးသာ သွင်းယူထားတာ ဖြစ်ပါတယ်။ 

 

 

 

Related News