မြန်မာနိုင်ငံတက္ကသိုလ်လက်ရွေးစင် ဘတ်စကတ်ဘောအားကစားအဖွဲ့က ပြိုင်ပွဲအတွေ့အကြုံရရှိဖို့အတွက် ပြင်ပပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ပြီး Asean University Gameပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ 

တက္ကသိုလ်လက်ရွေးစင်ဘတ်စကတ်ဘောအဖွဲ့က ဒီဇင်ဘာလမှာကျင်းပသွားမယ့် Asean University Gameပြိုင်ပွဲ အတွက် ဖေဖော်ဝါရီလက စတင်ပြီး ကျိုက္ကဆံအားကစားကွင်းမှာ စခန်းသွင်းလေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ အမျိုးသားအသင်းအနေနဲ့ ပဏာမကစားသမား(၁၅)ဦး၊ အမျိုးသမီး အသင်းကတော့ ပဏာမ ကစားသမားအယောက်(၂၀)နဲ့ လေ့ကျင့်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားအချင်းချင်း လေ့ကျင့်ပြင်ဆင်တာမျိုးပဲရှိပြီး ပြိုင်ပွဲအတွေ့အကြုံမရှိတာကြောင့် ပြင်ပပြိုင်ပွဲတွေကနေ အတွေ့အကြုံရရှိဖို့မျှော်လင့်နေကြပါတယ်။

တက္ကသိုလ်လက်ရွေးစင်ဘတ်စကတ်ဘောအသင်းအနေနဲ့ တပတ်မှာ (၆)ရက်နဲ့ တစ်နေ့ကို (၂)ကြိမ်လေ့ကျင့် ပြင်ဆင်တာဖြစ်ပါတယ်။ ကစားသမားတွေအနေနဲ့ Trainingအပြင် ကျောင်းစာပါ လေ့ကျင့်နေရတာ ကြောင့် အခက်အခဲရှိတဲ့အပြင် လက်ရှိရန်ကုန်Campမှာ လေ့ကျင့်တဲ့နေရာအခက်အခဲရှိတယ်လို့ ကစားသမားတွေက ပြောပါတယ်။တက္ကသိုလ်လက်ရွေးစင်ဘတ်စကတ်ဘောအသင်းကို သြဂုတ်လမှာ အပြီးသတ်ကစားသမားစာရင်း ရွေးချယ်ပြီး နေပြည်တော်မှာ စခန်းသွင်းလေ့ကျင့်သွားမယ်လို့ သိရပါတယ်။

 

 

 

 

Related News