Yangon Water Boom နဲ့ 100 Plus တို့ပူးပေါင်းပြီးကျင်းပပြုလုပ်တဲ့ မိုးရာသီ အပျော်တမ်း Futsal ပြိုင်ပွဲ 2018 စာနယ်ဇင်းရှင်းလင်းပွဲကို ဇွန်လ (၂၆) ရက်နေ့ နေ့လည်က Yangon Water Boom မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီလို အပျော်တမ်း ဖူဆယ်ပြိုင်ပွဲကျင်းပရတာဟာ ဖူဆယ် ဘောလုံးအားကစားနည်းကို ပိုမိုသိရှိလာစေပြီး မျိုးဆက်သစ် ဖူဆယ်ဘောလုံးကစားသမားကောင်း တွေပေါ်ထွက်လာစေဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်။ဒီပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်းပေါင်း (၂၀) က၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး (၅) သင်းအုပ်စုခွဲကာယှဉ်ပြိုင်မှာဖြစ်ပါ တယ်။

ပြိုင်ပွဲတွေကို ဇွန်လ (၃၀) ရက်နေ့မှာ စတင်ကျင်းပသွားမှာဖြစ်ပြီး ပွဲစဉ်အစအဆုံးကို တော့ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်က ဖူဆယ်ဒိုင်လူကြီးတွေက ကိုင်တွယ်ကြီးကြပ်သွားမှာဖြစ်ပါတယ်။မိုးရာသီ အပျော်တမ်း ဖူဆယ်ပြိုင်ပွဲကို ၂၀၁၈ မှာ ပထမဆုံးအကြိမ် ကျင်းပတာဖြစ်ပြီး ချီးမြှင့်တဲ့ဆုတွေအနေနဲ့ ပထမဆု ၇သိန်း၊ ဒုတိယ ၄သိန်း၊ တတိယဆု ၂သိန်း နဲ့ အခြားဆုတွေဖြစ်တဲ့အကောင်းဆုံးကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆုတွေကိုလည်း ချီးမြှင့်သွားမယ်လို့သိရပါတယ်။ ပြိုင်ပွဲကို ဇွန်လ(၃၀)ရက်မှ ဇူလိုင်လ (၁၀)ရက် အထိ Yangon Water Boom မှာရှိတဲု့မြက်ခင်းတု ဖူဆယ်ကွင်းတွေမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

 

 

Related News