ဂျာမနီအသင်းဟာ (၂၀၁၈)ကမ္ဘာ့ဖလားပြိုင်ပွဲ၊ အုပ်စု(F)ရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ တောင်ကိုရီးယား အသင်းနဲ့ ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စုအဆင့်မှထွက်ခဲ့ရပြီး၊ (၁၉၃၈) ခုနှစ်နောက်ပိုင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် အုပ်စုအဆင့်ကနေ ထွက်ခဲ့ရတာဖြစ်ပါတယ်။ 

ဂျာမနီအသင်းဟာ တောင်ကိုရီးယားအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အသာစီးရရှိအောင် ကစားနိုင်ခဲ့ပေမယ့် တောင်ကိုရီးယားအသင်းမှ ကင်ယောင်ဂွမ်၊ ဆွန်ဟောင်မင်တို့ရဲ့ နောက်ကျသွင်းဂိုးတွေ ကြောင့် (၂)ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ပြီး အုပ်စုအဆင့်မှထွက်ခဲ့ရတာဖြစ်ပါတယ်။

ဂျာမနီအသင်းဟာ တောင်ကိုရီးယားအ သင်းကိုရှုံးနိမ့်ပြီး အုပ်စုအဆင့်မှထွက်ခဲ့ရတာဟာ သမိုင်းကြောင်းတစ်လျှောက် ပထမဆုံးအကြိမ်အာရှတိုက်မှ အသင်းတစ်သင်းကိုရှုံးနိမ့်မှုဖြစ်ခဲ့သလို (၁၉၃၈) ခုနှစ်နောက်ပိုင်း နှစ်ပေါင်း (၈၀) အတွင်းပထမဆုံးအကြိမ် အုပ်စုအဆင့်မှထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့လက်ရှိချန်ပီယံ ဂျာမနီအသင်း ယခုလိုအုပ်စုအ ဆင့်မှထွက်ခဲ့ရတာဟာ ပြင်သစ်၊ အီတလီ၊ စပိန်အသင်းတို့နောက်(၄)သင်းမြောက် လက်ရှိချန်ပီယံအသင်းတွေ အုပ်စုအဆင့်မှထွက်ခဲ့ရခြင်းဖြစ်ပါတယ်။ (၁၉၉၈) ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းဟာ (၂၀၀၂) ခုနှစ်က မ္ဘာ့ဖလားမှာ အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီး (၂၀၀၆) ခုနှစ်၊ ကမ္ဘာ့ဖလားချန်ပီယံအီတလီအသင်းဟာ (၂၀၁၀) ကမ္ဘာ့ဖလား၊ (၂၀၁၀) ကမ္ဘာ့ဖလား ချန်ပီယံစပိန်အသင်းဟာလည်း (၂၀၁၄) ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အုပ်စု အဆင့်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

 

 

Related News