(၂၀၁၈)  တိုင်းဒေသကြီးနဲ့ပြည်နယ်(၁၆)ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲအပြီး လက်ဝှေ့အသင်း အုပ်ချူပ်သူတစ်ဦး ၊ အမျိုးသားကစားသမားတစ်ဦး ၊ အမျိုးသမီးကစားသမားတစ်ဦးကို တိုင်းနဲ့ပြည်နယ် လက်ဝှေ့ပြိုင်ပွဲမှ   (Blacklist) သွင်းလိုက်တဲ့အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။(၂၀၁၈) ခုနှစ် တိုင်းဒေသကြီးနဲ့ပြည်နယ် (၁၆)ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ဇွန်လ (၃)ရက်နေ့ ကနေ (၁၃)ရက်နေ့ထိ သိမ်ဖြူလက်ဝှေ့ရုံမှာကျင်းပခဲ့ပြီး အမျိုးသားကစားသမား (၂၃၇)ဦး နဲ့ အမျိုးသမီး (၂၈)ဦး  ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။အဲ့ဒီပြိုင်ပွဲမှာ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ချိုး   ဖောက်ခဲ့တဲ့ လက်ဝှေ့သမား အမျိုးသားတစ်ဦး ၊ အမျိုးသမီး တစ်ဦး နဲ့ အသင်းအုပ်ချူပ်သူတစ်ဦးတို့ကို အားက စားနှင့်ကာယပညာဦးစီးဌာနနဲ့မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချူပ်တို့က အမည်ပျက် ( Blacklist) စာရင်းသွင်းထားပြီး လာမယ့်တိုင်းနဲ့ပြည်နယ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲများမှာ ပါဝင်ယှဉ်ပြိုင်ခွင့်နဲ့ပါဝင်ပတ်သတ်ခြင်းတို့ကို ခွင့်ပြု သွားမှာမဟုတ်ကြောင်းကို သိရပါတယ်။

Blacklist သွင်းခံထားရတဲ့ အမျိုးသားကစားသမားကတော့ အမျိုးသား (ခ)အဆင့် ၆၇ ကီလိုတန်း (၄)ချီပြိုင်ပွဲ   ဗိုလ်လုပွဲမှာ ပြိုင်ဘက်ကစားသမားနဲ့ယှဉ်ပြိုင်ထိုးသတ်ပြီး ၁၁ စက္ကန့်မှာ အနာတရမရှိပဲ ပြိုင်ဘက်ကိုအရှုံးပေးခဲ့  ပြီး ကစားသမားမပီသတဲ့ လုပ်ရက်ကိုလုပ်ခြင်း ၊ အမျိုးသမီးကစားသမားက အမျိုးသမီး (၄၈)ကီလိုတန်း (၃)ချီ  ပြိုင်ပွဲ ဗိုလ်လုပွဲမှာ လာရောက်ယှဉ်ပြိုင်ခြင်းမရှိပဲ အရှုံးပေးခဲ့ခြင်း ၊ အုပ်ချူပ်သူကတော့ ဆီမီးဖိုင်နယ်အဆင့်မှာ     ယှဉ်ပြိုင်မဲ့ပြိုင်ဘက်ဖြစ်တဲ့ ပဲခူးတိုင်း အုပ်ချူပ်သူနဲ့ နည်းပြအဖွဲ့တွေကို ငွေ ၁ သိန်းခွဲပေးပြီး အရှုံးပေးခိုင်းတဲ့   အခြေအနေများကို လုပ်စေပြီး ပဲခူးတိုင်းဘက်က လက်မခံပဲ အားကစားနှင့်ကာယပညာဦးစီးဌာနနဲ့ မြန်မာနိုင်ငံ   လက်ဝှေ့အဖွဲ့ချူပ်ကို တိုင်ကြားခဲ့တဲ့အတွက် အဖွဲ့ချူပ်ဘက်က သေချာစစ်ဆေးပြီး ပစ်မှုထင်ရှားတာကြောင့် အခု လိုမျိုး Blacklist စာရင်းသွင်းလိုက်တာလည်းဖြစ်ပါတယ်။အခု Blacklist သွင်းခံထားရတဲ့ အမျိုးသားကစားသမားတစ်ဦး ၊ အမျိုးသမီးကစားသမားတစ်ဦး ၊ အုပ်ချူပ်သူ   တစ်ဦးက တိုင်းဒေသကြီးနဲ့ပြည်နယ်လက်ဝှေ့ပြိုင်ပွဲများမှာ ယှဉ်ပြိုင်ခွင့်ရတော့မှာ မဟုတ်ပဲ အခြားလက်ဝှေ့ပွဲ   များဖြစ်တဲ့ နယ်စပ်ဒေသက အလံလုပွဲများ ၊ ဘုရားပွဲများမှာတော့ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရှိမှာဖြစ်တယ်လို့သိရပါတယ်။

 

 

Related News