(၂၀၁၈)ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ်မြှားပစ်ပြိုင်ပွဲကို ဇွန်လ(၂၇)ရက်ကနေ (၂၈)ရက်ထိ ရန်ကုန်မြို့ ကျိုက္ကဆံမြှားပစ်အားကစားပြိုင်ကွင်းမှာ ကျင်းပခဲ့ပါတယ်။အိုလံပစ်နေ့အထိမ်းအမှတ်မြှားပစ်ပြိုင်ပွဲကို ပြိုင်ပွဲအမျိုးအစား(၉)မျိုးနဲ့ ကျင်းပခဲ့တာဖြစ်ပြီး Recurve အမျိုးသား၊ အမျိုးသမီး လူသစ်တန်း တစ်ဦးချင်းရှုံးထွက်ပြိုင်ပွဲ၊ Recurve အမျိုးသား၊ အမျိုးသမီးအလွတ်တန်း တစ်ဦးချင်း ရှုံးထွက်ပြိုင်ပွဲ၊ Compound အမျိုးသား၊ အမျိုးသမီး  အလွတ်တန်းတစ်ဦးချင်း ရှုံးထွက်ပြိုင်ပွဲ၊ Recurve Mix Team လူသစ်တန်းရှုံးထွက်ပြိုင်ပွဲ၊ Recurve Mix Team အလွတ်တန်း ရှုံးထွက် ပြိုင်ပွဲနဲ့ Compound Mix Team အလွတ်တန်း ရှုံးထွက်ပြိုင်ပွဲတို့ကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ပြိုင်ပွဲမှာ မျိုးဆက်သစ်ကစားသမားတွေအပြင် လက်ရွေးစင်ကစားသမားတွေနဲ့ Asean University Game ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကစားသမားတွေ အပါအ၀င်စုစုပေါင်း ကစားသမားအယောက်(၃၀)ပါဝင် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ပြိုင်ပွဲများအပြီးမှာ ဆုချီးမြင့်ပွဲကိုဆက်လက်ကျင်းပခဲ့ပြီး တစ်ဦးချင်းဆုတံဆိပ်၊ အသင်းလိုက်ဆုတံဆိပ်နဲ့ အတိုးတက်ဆုံးကစားသမားဆုတို့ကို ချီးမြင့်ခဲ့ပါတယ်။

မြန်မာနိုင်ငံ မြှားပစ်အဖွဲ့ချုပ်အနေနဲ့ လက်ရှိမှာ Asian Game၀င်ရောက်ယှဉ်ပြိုင်မယ့်ကစားသမားတွေ၊ အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မယ့်ကစားသမားတွေနဲ့ Asean University Game ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကစားသမားတွေကို စခန်းသွင်းလေ့ကျင့်ပေးနေပြီး လအလိုက်ပြိုင်ပွဲတွေကျင်းပသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

 

 

 

 

Related News