(၂၀၁၈)ကမ္ဘာ့ဖလား (၁၆)သင်းအဆင့်ပွဲစဉ်တွေထဲမှာအစောဆုံးယှဉ်ပြိုင်ကစားမယ့် ပြင်သစ်အသင်းနဲ့ အာဂျင်တီးနားအသင်းတို့ ပွဲစဉ်ဟာ ကွာတားဖိုင်နယ်တက်ရောက်ခွင့်အတွက် အမှားမခံတမ်းယှဉ်ပြိုင်ကစားမှာ ဖြစ်ပြီး ရေပန်းအစားဆုံးအသင်းတွေဖြစ်တာကြောင့် ပိုမိုစိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ပြင်သစ်အသင်းဟာ အုပ်စု(C)မှာ အုပ်စုပထမနဲ့ ရှုံးထွက်တက်ရောက်ခဲ့တာဖြစ်ပြီး အုပ်စုတွင်းမှာ အားရ စရာခြေစွမ်းမပြနိုင်ခဲ့ပေမယ့် (၂)ပွဲနိုင်၊(၁)ပွဲသရေ ရမှတ်(၇)မှတ်ရရှိခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းကတော့ အုပ်စု(D)မှာ ရှုံးထွက်တက်ရေး အသည်းအသန် ရုန်းကန်ခဲ့ရပေမယ့် နောက်ဆုံးပွဲစဉ်မှာ နိုင်ဂျီးရီးယားအသင်းကို အနိုင်ရရှိမှုနဲ့အတူ ရမှတ်(၄)မှတ်နဲ့ အုပ်စုဒုတိယနဲ့တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ (၂)သင်းစလုံးဟာ ကမ္ဘာ့ဖလားမှာရေပန်းအစားဆုံးအသင်းတွေဖြစ်ပေမယ့် အုပ်စုတွင်းခြေစွမ်းတွေအရအကောင်းဆုံး အခြေအနေမှာ ရှိမနေပဲတိုက်စစ်ပိုင်းက ဂိုးတွေရဖို့ရုန်းကန်နေကြရပါတယ်။ (၂)သင်းစလုံးဟာ ကမ္ဘာ့ဖလားမှာ အစဉ်အလာ ကြီးတဲ့အသင်းတွေဖြစ်ပေမယ့် ယခုလိုရှုံးထွက်အဆင့်တွေ့ဆုံမှုဟာကမ္ဘာ့ဖလားသမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ် ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု သမိုင်းကြောင်းတွေအရတော့ အာဂျင်တီးနားအသင်းက အသာရထားတာဖြစ်ပါ တယ်။ ဒါပေမဲ့ လက်ရှိခြေစွမ်းနဲ့ ဟန်ချက်ညီမှုမှာတော့ ပြင်သစ်အသင်းက ပိုမိုအားရဖွယ်ကောင်းနေသလို ပြင် သစ်အသင်းဟာ နောက်ဆုံး(၈)ကြိမ် တောင်အမေရိက အသင်းတွေနဲ့ ကမ္ဘာ့ဖလားထိပ်တိုက်တွေ့ဆုံမှုမှာ မရှုံး နိမ့်အောင်ကစားနိုင်ခဲ့ပါတယ်။ (၂)သင်းစလုံးက ကမ္ဘာ့ဖလားရဲ့ ပင်နယ်တီ အဆုံးအဖြတ်ခံယူရတဲ့ပွဲစဉ်တွေမှာ လည်းအနိုင်ရမှုရာခိုင်နှုန်းများနေပြီး ဒီပွဲစဉ်ပင်နယ်တီ အဆုံးအဖြတ်ထိရောက်မယ်ဆိုရင် စိတ်ဝင်စားဖွယ်အခြေ အနေတွေကို မြင်တွေ့ရဖွယ်ရှိနေပါတယ်။ လက်ရှိထွက်ပေါ်နေတဲ့ ခန့်မှန်းမှုတွေအရ ပြင်သစ်အသင်းက ကမ္ဘာ့ ဖလားမှာ ဗိုလ်စွဲနိုင်ခြေ(၇)ရာခိုင်နှုန်းရှိပြီး အာဂျင်တီးနားအသင်းက (၆)ရာခိုင်နှုန်းရှိနေပါတယ်။ ဒီပွဲစဉ်မှာ ဘယ်အသင်းက ကွာတားဖိုင်နယ်တက်ရောက်အောင်စွမ်းဆောင်ပြီး သူတို့ရဲ့ ကမ္ဘာ့ဖလားအိမ်မက်ကို ဆက်လက်အ ကောင်အထည်ဖော်သွားမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ပြင်သစ်အသင်းနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ပွဲစဉ်ကတော့ ယနေ့ည(၈)နာရီခွဲမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ 

 

 

Related News