MPT မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၁၈) ရဲ့ ပွဲစဉ်များကို ဇွန်လ (၃၀)ရက် နဲ့ ဇူလိုင်လ(၁)ရက် မှာ ယှဉ်ပြိုင်ကစားခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းက အမှတ်ပေးဇယားရဲ့ထိပ်ဆုံးမှာပဲဆက်လက်ဦးဆောင်နေပါတယ်။MPT မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၁၈)ရဲ့ အစောဆုံးပွဲစဉ်အဖြစ်ဇွန်လ (၃၀)ရက်နေ့က ဟံသာဝတီယူနိုက်တက် အသင်းနဲ့ ရခိုင်ယူနိုက်တက်အသင်းတို့က ဟံသာဝတီယူနိုက်တက်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ဟံသာဝတီ ယူနိုက်တက်အသင်း  က အခုရာသီမှာ ခြေစွမ်းကောင်းတွေပြသနေတဲ့အသင်းဖြစ်ပြီး တန်းဆင်းဇုန်နားမှာ ရုန်းကန်နေရတဲ့ ရခိုင်ယူနိုက်တက်အသင်းကို (၂)ဂိုး (၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒုတိယပွဲစဉ်မှာ မြ၀တီအသင်းနဲ့ ဧရာဝတီယူနိုက်တက်  အသင်းတို့က သုဝဏ္ဏအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရာမြ၀တီအသင်းက အခုနှစ်ေ ဘာလုံးရာသီမှာနိုင်ပွဲမရသေးတဲ့အသင်းတစ်သင်းဖြစ်သလို ဧရာဝတီယူနိုက်တက်အသင်းက ဒုတိယရာသီဝက်မှာ ခြေစွမ်းကောင်းတွေ ပြသနေပြီး အခုပွဲစဉ်မှာလည်း မြ၀တီအသင်းကို (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။နောက်ထပ်ပွဲစဉ်အဖြစ် ဇူလိုင်လ (၁) ရက်နေ့မှာအမှတ်ပေးဇယားရဲ့ အဆင့် (၁)နေရာမှာ ရပ်တည်နေတဲ့ ရန်ကုန် ယူနိုက်တက်အသင်းနဲ့    ပြည်တွင်းကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ မကွေးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းက အခုပွဲကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ကစားခဲ့ရပြီး နောက်ခံလူ သိန်းဇော်ရဲ့ပွဲပြီးခါနီး သွင်းဂိုးနဲ့အတူ မကွေးအသင်းကို (၁)ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

နောက်ထပ်ပွဲစဉ်တွေရဲ့ရလဒ်တွေက ရှမ်းယူနိုက်တက်အသင်းက GFA အသင်းကို (၁)ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့သလို ရတနာပုံအသင်းကလည်း အိမ်ကွင်း မှာ ဆောက်သမ်းမြန်မာအသင်းကို (၃)ဂိုး (၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။တန်းဆင်းဇုန်နဲ့ အနီးဆုံးနေရာမှာရှိနေ  တဲ့ စစ်ကိုင်းယူနိုက်တက်အသင်းက (၁)ဂိုး ဂိုးမရှိရလဒ်နဲ့ ဇွဲကပင်ယူနိုက်တက်အသင်းကို ရှုံးနိမ့်သွားတာလည်းဖြစ်ပါတယ်။MPT မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၁၈)အပြီးမှာ ရန်ကုန်ယူနိုက်တက်အသင်းက အမှတ်ပေးဇယားရဲ့အဆင့် (၁)  နေရာမှာရပ်တည်နေပြီး ဒုတိယနေရာက ရှမ်းယူနိုက်တက်အသင်းက (၂)မှတ်အကွာနဲ့ဖိအားပေးထားနိုင်ပါ  တယ်။တန်းဆင်းဇုန်နားမှာလည်း ရမှတ် (၁၈)မှတ်နဲ့ စစ်ကိုင်းယူနိုက်တက်အသင်းကအဆင့် (၁၀)ကို ရောက်ရှိနေကာ တန်းဆင်းဇုန်မှာ ရောက်နေတဲ့ GFA အသင်းနဲ့ (၁)မှတ်သာ ကွာဟနေတာလည်းဖြစ်ပါတယ်။

 

 

Related News