(၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ (၁၆) သင်းရှုံးထွက်အဆင့်ပွဲစဉ်တွေအပြီး (၂) ရက်ကြာရက်နားခဲ့ပြီး နောက်မှာတော့ ယနေ့မှာ ကွာတားဖိုင်နယ်ပွဲစဉ်တွေကိုစတင်ယှဉ်ပြိုင်ကစားကြတော့မှာဖြစ်ပါတယ်။ (၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ (၁၆) သင်းရှုံးထွက်အဆင့်ပွဲစဉ်တွေအပြီးမှာ ပြိုင်ပွဲကို (၂) ရက်ကြာရပ် နားထားခဲ့ပြီး၊ ဇူလိုင်လ (၆) ရက်နေ့၊ ယနေ့ညမှာတော့ ကွာတားဖိုင်နယ်ပွဲစဉ်တွေကိုစတင်ယှဉ်ပြိုင်ကစားကြ တော့မှာဖြစ်ပါတယ်။

ပထမဦးဆုံးစတင်ယှဉ်ပြိုင်မယ့်ကွာတားဖိုင်နယ်ပွဲစဉ်ကတော့ နာမည်ကြီးပြင်သစ်အသင်းနဲ့ ဥရုဂွေးလ်အသင်းတို့ ပွဲစဉ်ကိုယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ ပြင်သစ်အသင်းဟာ (၁၆) သင်းရှုံးထွက်အဆင့်မှာ မက်ဆီဦးဆောင်တဲ့အာဂျင်တီးနားအသင်းကို (၄) ဂိုး (၃) ဂိုးနဲ့အနိုင်ရရှိကာ၊ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်လာခဲ့ပြီး၊ ဥရုဂွေးလ်အသင်းကတော့ စီရော်နယ်ဒိုဦးဆောင်တဲ့ ပေါ်တူဂီအသင်းကို (၂) ဂိုး (၁) ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ပြင်သစ်အသင်းဟာ တောင်ပံကစားသမားဒမ်ဘီလီတစ်ဦးတည်းသာ ကြံ့ခိုင်မှုမပြည့်ဝတဲ့ပြဿနာတစ်ခုရှိနေခဲ့ပြီးအားထားရတဲ့ကစားသမားအများစုပါဝင်လာနိုင်ပေမယ့်လည်း ပေါ်တူဂီအသင်းနဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ဥရုဂွေးလ်တိုက်စစ်မှူးကာဗာနီကတော့ ပြင်သစ်အသင်းနဲ့ပွဲစဉ်ကိုလွဲချော်ဖွယ်ရှိနေပါတယ်။ ဒါ့ အပြင်ကွာတားဖိုင်နယ် အဆင့်ရဲ့ အကောင်းဆုံးသောပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဘရာဇီးလ်အသင်းနဲ့ ဘယ်လ်ဂျီယံ အသင်းတို့ပွဲစဉ်ကိုလည်း ဇူလိုင်လ (၇) ရက်နေ့၊ မြန်မာစံတော်ချိန်မနက်အစောပိုင်းမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ 

ပြင်သစ်အသင်းနဲ့ ဥရုဂွေးလ်အသင်းတို့ပွဲစဉ်ကို ယနေ့ညမြန်မာစံတော်ချိန်ည (၈) နာရီခွဲ၊ ဘရာဇီးလ်အသင်းနဲ့ ဘယ်လ်ဂျီယံအသင်းတို့ ပွဲစဉ်ကို ဇူလိုင်လ(၇)ရက်နေ့၊ မြန်မာစံတော်ချိန်မနက် (၁၂) နာရီခွဲအချိန်မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး၊ အခြားသောကွာတားဖိုင်နယ် အဆင့်ပွဲစဉ်(၂)ပွဲကိုတော့ ဇူလိုင်လ(၇)ရက်နေ့နဲ့ (၈)ရက်နေ့တွေမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

 

 

Related News