(၂၀၁၈)ဖူဆယ်လိဂ်ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် စာရင်းပေးသွင်းထားတဲ့ အသင်းတွေရဲ့ ခြေစစ်ပွဲ စဉ်တွေကို ဒီကနေ့ဇူလိုင်လ(၉)ရက်ကနေ(၁၅)ရက်ထိ သုဝဏ္ဏမိုးလုံလေလုံအားကစားခန်းမမှာ ယှဉ်ပြိုင်ကစားနေတာဖြစ်ပါတယ်။ ချမ်းမင်းစိုးက ဆက်လက်တင်ဆက်ပေးပါ့မယ်။ (၂၀၁၈)ဖူဆယ်လိဂ်ပြိုင်ပွဲရဲ့ခြေစစ်ပွဲစဉ်မှာ အသင်း(၆)သင်းဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် စာရင်းပေးသွင်း ထားခဲ့ပေမယ့် တစ်သင်းနုတ်ထွက်သွားခဲ့တာကြောင့် လက်ရှိအသင်း(၅)သင်း ၀င်ရောက်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။ ခြေစစ်ပွဲအဆင့်မှာ (၅)သင်းပတ်လည်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အမှတ်အများဆုံး(၃)သင်းက ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။

(၂၀၁၈) ဖူဆယ်လိဂ်ပြိုင်ပွဲကို လာမယ့် သြဂုတ်လမှာကျင်းပသွားမှာ ဖြစ်ပြီး ခြေစစ်ပွဲ အောင်မြင်လာမယ့်အသင်း(၃)သင်း အပါအ၀င် အသင်း(၁၂)သင်းနဲ့ အခုနှစ်ဖူဆယ်လိဂ်ပြိုင်ပွဲကို ကျင်းပသွားမယ်လို့ သိရပါတယ်။ ခြေစစ်ပွဲမှာ ရွှေမြ၀တီအသင်း၊ Comradeအသင်း၊ GV Athleticsအသင်း၊ အောင်မိုးမြင့်အသင်းနဲ့ RDZအသင်းတို့ ယှဉ်ပြိုင်နေတာဖြစ်ပြီး ဒီကနေ့မနက်ပိုင်းမှာ ရွှေမြ၀တီအသင်းနဲ့ GV Athleticsအသင်း၊ အောင်မိုးမြင့်အသင်းနဲ့ RDZအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တာ ဖြစ်ပါတယ်။(၂၀၁၈)ဖူဆယ်လိဂ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ်တွေကို နံနက်(၉)နာရီနဲ့ (၁၁)နာရီအချိန်တွေမှာ တရက်ကို(၂)ပွဲနှုန်းနဲ့ ကျင်းပနေတာ ဖြစ်ပါတယ်။

 

 

 

Related News