မိုးရာသီ အပျော်တမ်းဘောလုံးပြိုင်ပွဲ ၂၀၁၈ ကို Yangon Water Boom နဲ့ 100 plus တို့ပူးပေါင်းပြီး ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဇူလိုင်လ(၁၀)ရက်နေ့မှာ ဒီပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်နဲ့ ဆုချီးမြှင့်ပွဲကို Yangon Water Boom မှာကျင်းပပြုလုပ် ခဲ့တာဖြစ်ပါတယ်။

Yangon Water Boom နဲ့ 100 Plus တို့ကပူးပေါင်းပြုလုပ်တဲ့ မိုးရာသီအပျော်တမ်းဖူဆယ်ဘောလုံးပြိုင်ပွဲကို ဇွန်လ(၃၀)ရက်က စတင်ပြီး အုပ်စုပွဲစဉ်တွေနဲ့ ကွားတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ကျင်းပခဲ့တာဖြစ်ပါတယ်။ ဇူလိုင်လ(၁၁)ရက်မှာ ပြိုင်ပွဲရဲ့ တတိယနေရာလုပွဲနဲ့ ဗိုလ်လုပွဲစဉ်တွေကို ကျင်းပခဲ့ပြီး ဗိုလ်လုပွဲကိုတော့ မြသီတာ အသင်းနဲ့ Jack FCတို့ကတက်ရောက်နိုင်ခဲ့ကာ မြသီတာအသင်းက အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

မိုးရာသီအပျော်တမ်း ဖူဆယ်ဘောလုံးပြိုင်ပွဲမှာ ပထမဆုရရှိတဲ့ မြသီတာအသင်းကဆုငွေကျပ် (၇)သိန်း၊ ဒုတိယဆုရရှိတဲ့ Jack FC အသင်းက ငွေကျပ်(၄)သိန်း၊ တတိယဆုရရှိတဲ့ Winner Fcအသင်းကငွေကျပ် (၂)သိန်းတို့အပြင် ၀င်ရောက်ယှဉ်ပြိုင်တဲ့ အသင်းတွေထဲက အကောင်းဆုံးကစားသမားဆုနဲ့ အကောင်းဆုံးဂိုးသမားဆုတို့ကိုလည်းပေးအပ်ချီးမြှင့်ခဲ့တာပါ။ ပြိုင်ပွဲရဲ့ပွဲ့စဉ်အစအဆုံးကိုတော့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဖူဆယ်ဒိုင်တွေက ကြီးကြပ်ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။အခုလို မိုးရာသီအပျော်တမ်းဖူဆယ်ပြိုင်ပွဲကို ပြုလုပ်တာဟာ ဖူဆယ်ဘောလုံးအားကစားနည်းကို ပိုမိုသိရှိလာစေပြီး မျိုးဆက်သစ်ဖူဆယ်ဘောလုံးကစားသမားကောင်းတွေ ပေါ်ထွက်လာစေဖို့ရည်ရွယ်ပြီးကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။ 

 

 

Related News