ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)က ကျင်းပပြုလုပ်တဲ့(၂၁)ကြိမ်မြောက် အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်း နှစ်ပတ်လည်နေ့ အခမ်းအနားကိုသြဂုတ်လ(၁)ရက်က ကျိုက္ကဆံအားကစားကွင်းရှိ ပြည်ထောင်စုခန်းမမှာ ကျင်းပခဲ့တာဖြစ်ပါ တယ်။အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းနှစ်ပတ်လည်နေ့အခမ်းအနားကို နှစ်စဉ်ကျင်းပပြုလုပ်တာဖြစ်ပြီး အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကထူးချွန်ထက်မြက်တဲ့ လူငယ်မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ်ထွက်ပေါ်လာစေရန်နဲ့မြန်မာ့အားကစားလောက တိုးတက်မြင့်မားစေရန်ရည်ရွယ် ပြီးပြုလုပ်ခဲ့တာ (၂၁)ကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။

ဒီအခမ်းအနားမှာတော့နိုင်ငံတကာပြိုင်ပွဲများ၊မလေးရှားနိုင်ငံကကျင်းပပြုလုပ်တဲ့ 10thAseanSchoolGame ပြိုင်ပွဲများ၊ ပြည်တွင်းပြိုင်ပွဲများ၊ ကာယဗလမောင်နှင့်ကာယအလှမယ်ပြိုင်ပွဲများ၊ အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲများ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးစာစီစာကုံးပြိုင်ပွဲများ၊ အကပြိုင်ပွဲနဲ့ အဆိုပြိုင်ပွဲများ၊ စတဲ့ပြိုင်ပွဲတွေမှာ ဆုရရှိခဲ့တဲ့သင်တန်းသားသင်တန်းသူများကိုဆုချီးမြှင့်ခဲ့ပြီး MPT Myanmar National League U-20 2018 ပြိုင်ပွဲမှာ Champion ဖြစ်ခဲတဲ့ I.S.P.E(B) အသင်းကိုလည်း ချန်ပီယံဆုဖလား ပေးအပ်ခဲ့ ပါတယ်။ ဆက်လက်ပြီး အားကစားနှင့်ပညာရေးပေါင်းစပ် သင်တန်းမှ သင်တန်းသား၊ သင်တန်းသူ များက သရုပ်ဖော် ပြသခြင်းတွေကိုလည်းပြသခဲ့တာဖြစ်ပါတယ်။ဒီအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊လူမှုရေးဝန်ကြီးဦးနိုင်ငံလင်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ နှင့်ဒုတိယဥက္ကဋ္ဌ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှတာဝန်ရှိပုပ္ပိုလ်များ အစရှိတဲ့တာဝန်ရှိသူများတက်ရောက်ခဲ့ပါတယ်။

 

 

Related News