မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ဘောလုံးဝါသနာရှင်တွေရဲ့ ရည်မှန်းချက်၊ အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ အတွက် ရည်ရွယ်ပြီးကျင်းပပြုလုပ်တဲ့ Myanmar Football King Challenge 2018  ပြိုင်ပွဲ ကျင်းပခြင်းနဲ့ ပတ်သက်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲကို ဇူလိုင်လ (၃၁) ရက်နေ့က Junction City မှာပြုလုပ်ခဲ့ပါတယ်။Myanmar Football King Challenge 2018  ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မော်လမြိုင်မြို့၊ တောင်ကြီးမြို့၊ ပဲခူးတိုင်းဒေသကြီး နဲ့ ပုသိမ်မြို့ စတဲ့ ဒေသတွေက ဘောလုံးဝါသနာရှင်တွေကို သွားရောက်ရွေးချယ်မှာဖြစ်ပြီး ၀င်ရောက်ယှဉ်ပြိုင်တဲ့ကစားသမားတွေထဲက ဆန်ခါတင်(၃၂) ဦးကိုပဲ ရွေးချယ် သွားမှာဖြစ်ပါတယ်။  ပြိုင်ပွဲကိုအသက်ကန့်သတ်ချက်အနေနဲ့ အသက်(၁၈)နှစ်ကနေ အသက်(၂၅)နှစ်အထိသတ်မှတ်ထားပါတယ်။

Myanmar Treasure Partners နဲ့ Mizzima TV တို့ပူးပေါင်းကျင်းပတဲ့ Myanmar Football King Challenge 2018  ပြိုင်ပွဲရဲ့ ပြိုင်ပွဲဝင်လျှောက်လွှာတွေကို သြဂုတ်လနဲ့ စက်တင်ဘာလများမှာ လက်ခံပေးသွားမှာဖြစ်ပြီး လျှောက်လွှာတစ်စောင်ကို ငွေကျပ် (၁၅၀၀) နဲ့ Myanmar Treasure Partners က သက်ဆိုင်ရာဒေသတွေမှာ ရောင်းချပေးသွားမှာဖြစ်ပါတယ်။Myanmar Football King Challenge 2018  ပြိုင်ပွဲကို အောက်တိုဘာလ ၊ နိုဝင်ဘာလ နဲ့ ဒီဇင်ဘာလတွေမှာ ကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။

 

 

Related News