မန္တလေးမြို့ မန္တလာသီရီကွင်းကြီးမှာ မြန်မာနိုင်ငံအိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ Alphine Cup လေးနိုင်ငံ ဖိတ်ခေါ်ဖလားပြိုင်ပွဲမှာ အာရှအားကစားပြိုင်ပွဲအတွက်ပြင်ဆင်နေတဲ့ မြန်မာ့လက်ရွေးစင်ယူ- ၂၃ အသင်းက တောင်ကိုရီးယား ယူ-၁၉အသင်း၊ ဘာရိန်းယူ-၂၃ အသင်းတို့နဲ့ ၂ပွဲကစားပြီးချိန်မှာ  ၁ ပွဲရှုံး ၁ ပွဲသရေရလဒ်ဖြင့် ရမှတ် (၁) မှတ်သာ ရရှိထားသေးတာ ဖြစ်ပါတယ်။ 
မြန်မာယူ-၂၃ အသင်းကတော့ အဖွင့်ပွဲစဉ်အဖြစ် တောင်ကိုရီးယားယူ- ၁၉ အသင်းကို ၃ ဂိုး ၄ ဂိုး နဲ့ ရှုံးနိမ့် ခဲ့တာကြောင့်  ဒုတိယမြောက် ပွဲစဉ် အဖြစ် ဘာရိန်းယူ- ၂၃ အသင်းနဲ့ ပွဲစဉ်ကိုတော့  နည်းပြချုပ် အန်တိုနီဟေး အနေနဲ့ ပွဲထွက် လူစာရင်းကို အပြောင်းလဲပြုလုပ်ခဲ့ပြီး ကစားခဲ့ သော်လည်း တဖက် ၁ ဂိုးစီနဲ့သာ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

မြန်မာအသင်းရဲ့ပွဲစဉ်တွေကိုလည်း မန္တလေးမှ ပရိသတ်အများအပြားလာရောက်အားပေးခဲ့ကျပြီး အသင်းရဲ့ ခြေစွမ်းပိုင်းနဲ့ပတ်သတ်ပြီး တော့ လည်း အခုလိုပြောပြထားခဲ့ပါတယ်။လေးနိုင်ငံဖိတ်ခေါ်ဖလားဒုတိယမြောက်ပွဲစဉ်အပြီးမှာ တောင်ကိုရီးယားယူ- ၁၉ အသင်းက (၆) မှတ် ဘာရိန်း ယူ- ၂၃ အသင်းက (၄) မှတ် မြန်မာအသင်းက (၁) မှတ်နဲ့ ထိုင်းယူ- ၂၃ အသင်းကတော့ ရမှတ်မရရှိ သေးတာပဲဖြစ်ပါတယ်။ အုပ်စုနောက်ဆုံးပွဲစဉ်ကိုတော့ သြဂုတ်လ (၅)ရက်နေ့ မြန်မာလက်ရွေးစင်ယူ-၂၃ အသင်းက ထိုင်းယူ (၂၃) အသင်းနဲ့ ညနေ (၆) နာရီအချိန်တွင် ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

 

 

 

Related News