မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးပြီး MFF U-14 Football Tournament 2018 ပြိုင်ပွဲ အဖွင့်ပွဲစဉ်ကို သြဂုတ်လ(၆)ရက်က  သုဝဏ္ဏမြက်ခင်းတုကွင်းမှာ ပြုလုပ်ခဲ့တာဖြစ်တာဖြစ်ပါတယ်။MFF U-14 Football Tournament 2018 ပြိုင်ပွဲကို မန္တလေးအကယ်ဒမီ(ယူ-၁၄)၊ ပုသိမ်အကယ်ဒမီ(ယူ-၁၄)၊ ထိုင်း (U-14)အသင်းနဲ့၊ Japan Fuku (U-14) အသင်းတို့က ၀င်ရောက်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ပြည်တွင်းမှာရှိတဲ့ ဘောလုံးအကယ်ဒမီက ကစားသမားတွေအတွက် နိုင်ငံတကာအတွေ့အကြုံတွေနဲ့ နည်းစနစ်တွေကို ရရှိစေဖို့ ရည်ရွယ်ပြီး ပြုလုပ်တာဖြစ်တယ်လို့ ပြိုင်ပွဲကျင်းပရေးကော်မတီက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်အဖြစ် မန္တလေးအကယ်ဒမီနဲ့ ထိုင်း(ယူ-၁၄)အသင်းတို့က သြဂုတ်လ(၆)ရက်က  သုဝဏ္ဏမြက်ခင်းတုကွင်းမှာ ယှဉ်ပြိုင်ကစားကြတာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာတော့ ထိုင်း(ယူ-၁၄) အသင်း နဲ့ မန္တလေးအကယ်ဒမီအသင်းပါ အကြိတ်အနယ် ကစားခဲ့ပြီး ပထမပိုင်း (၃၅ မိနစ်) အပြီးမှာတော့ တစ်ဖက် (၁)ဂိုးစီ သရေရလဒ်ထွက်ပေါ်လာခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ထိုင်း(ယူ-၁၄) အသင်းက တောက်လျှောက်ဖိကစားခဲ့ပြီး ဦးဆောင်ဂိုး တစ်ဂိုးထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။

ပွဲကစားချိန်မိနစ် (၇၀)အပြီးမှာတော့ ထိုင်း (ယူ-၁၄) အသင်းက မန္တလေးအကယ်ဒမီအသင်းကို (၂ဂိုး ၁ဂိုး) နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ အရင်နှစ်တွေက ပြည်တွင်းမှာရှိတဲ့ ဘောလုံးအကယ်ဒမီတွေက (ယူ-၁၄) အသင်းတွေကို ယှဉ်ပြိုင်စေခဲ့ပြီး အခု၂၀၁၈ခုနှစ်က စတင်ကာ နိုင်ငံတကာအသင်းတွေကိုဖိတ်ခေါ်ပြီး U-14 Football Tournament တွေကို ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News