အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ AFF U – 16 Championship 2018 ပြိုင်ပွဲကို မြန်မာ့ လက်ရွေးစင်အမျိုးသားယူ-၁၆အသင်းက ၀င်ရောက်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။ AFF U – 16 Championship 2018 ပြိုင်ပွဲမှာ မြန်မာအသင်းက အိမ်ရှင်အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အရှေ့တီမော၊ ဖိလစ်ပိုင် အသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပါတယ်။ မြန်မာအသင်းက ဇူလိုင်လ (၂၉) ရက်နေ့မှာ အဖွင့် ပွဲစဉ်အဖြစ် အရှေ့တီမောအသင်းနဲ့ယှဉ်ပြိုင်ခဲ့ရာ (၃)ဂိုး (၂)ဂိုး နဲ့ တီမောအသင်းကို အနိုင်ရရှိခဲ့ပါတယ်။ ဆက်လက်ပြီး ဇူလိုင်လ (၃၁) ရက်နေ့မှာတော့ မြန်မာအသင်းက အိမ်ရှင် အင်ဒိုနီးရှားအသင်းနဲ့ယှဉ်ပြိုင်ခဲ့ပါ တယ်။

အဲ့ဒီပွဲစဉ်မှာတော့ မြန်မာအသင်းက (၁) ဂိုး (၂) ဂိုးနဲ့ အိမ်ရှင် အင်ဒိုနီးရှားအသင်းကိုရှုံးနိမ့်ခဲ့ပါတယ်။ သြဂုတ်လ (၂) ရက်နေ့မှာတော့ မြန်မာအသင်းက အိမ်ရှင်ဖိလစ်ပိုင်အသင်းနဲ့ယှဉ်ပြိုင်ခဲ့ရာ ဖိလစ်ပိုင်အသင်းကို (၇) ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ဆက်လက်ပြီး သြဂုတ်လ (၄) ရက်နေ့မှာတော့ မြန်မာအသင်းက ကမ္ဘောဒီးယားအသင်းနဲ့ယှဉ်ပြိုင်ခဲ့ရာ (၄) ဂိုး ဂိုးမရှိနဲ့ ကမ္ဘောဒီးယားအသင်းကိုအနိုင်ရရှိခဲ့ပါတယ်။မြန်မာအသင်း က သြဂုတ်လ (၆) ရက်နေ့မှာ ဗီယက်နမ်အသင်းနဲ့ယှဉ်ပြိုင်ခဲ့ရာ တစ်ဖက်ကို (၂) ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့ ပေမယ့်လည်း အုပ်စု ဒုတိယနဲ့ ဆီမီးဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။ မြန်မာယူ-၁၆အသင်းက အုပ်စုပွဲစဉ် တွေမှာ (၃)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၁)ပွဲရှုံး ရမှတ် (၁၀)မှတ်  ရရှိခဲ့ပြီး ဗီယက်နမ်အသင်းကို ဂိုးကွာခြားချက် (၂) ဂိုးအသာနဲ့ ဆီမီးဖိုင်နယ်ကို တက် ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

 

 

 

Related News