ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာရေးဦးစီးဌာန ရဲ့ဦးဆောင်မှုဖြင့် နည်းပညာ တက္ကသိုလ်(သန်လျင်)မှ ကြီးမှုးကျင်းပတဲ့ ၂၀၁၈ ခုနှစ်တက္ကသိုလ်ကောလိပ်ပေါင်းစုံ  အမျိုးသား၊အမျိုးသမီးဘတ်စကတ်ဘောပြိုင်ပွဲကို သြဂုတ်လ(၉)ရက်ကနေ (၁၈)ရက်ထိ အောင်ဆန်းအားကစားကွင်းမိုးလုံလေလုံခန်းမ မှာပြုလုပ်သွားမှာဖြစ်ပါတယ်။ (၂၀၁၈)ခုနှစ် တက္ကသိုလ်၊ ကောလိပ် ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘတ်စကတ်ဘော ပြိုင်ပွဲကို မြန်မာတစ် နိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်ကျောင်းပေါင်း (၁၈)ကျောင်းက ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသား (၂၂)သင်းနဲ့ အမျိုးသမီး (၁၄) သင်းတို့က ၀င်ရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။

ပြိုင်ပွဲတွေကို သြဂုတ်လ (၉) ရက်နေ့စတင်ပြီး တစ်နေ့ကို (၇)ပွဲနဲ့ကျင်းပသွားမှာဖြစ်ပြီး အုပ်စုပွဲစဉ်၊ ရှုံးထွက်ပွဲစဉ်၊ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲစဉ်ဆိုပြီး အဆင့်ဆင့်ကျင်းပသွားမှာဖြစ်ပါတယ်။နည်းပညာတက္ကသိုလ်အနေနဲ့ နှစ်စဉ်နှစ်တိုင်း ဘတ်စကတ်ဘောပြိုင်ပွဲကိုကျင်းပပေးနေတာလည်းဖြစ်ပါတယ်။(၂၀၁၈)ခုနှစ် တက္ကသိုလ်၊ ကောလိပ် ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘတ်စကတ်ဘော ပြိုင်ပွဲကျင်းပရခြင်းက လာမယ့် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံက အိမ်ရှင် အဖြစ်လက်ခံကျင်းပမယ့် (၁၉)ကြိမ်မြောက် အာဆီယံ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် လူရွေးချယ်မှုပြုလုပ်တာလဲဖြစ်ပါတယ်။

 

 

 

Related News