ကမ္ဘာ့တင်းနစ်အဖွဲ့ချုပ်က ဦးစီးပြီး ထိုင်းနိုင်ငံဘန်ကောက်မှာကျင်းပမယ့် IFT Asia 14 & Under Closed Championship 2018 တင်းနစ်ပြိုင်ပွဲကို မြန်မာနိုင်ငံကသွားရောက်ယှဉ်ပြိုင်ဖို့အတွက် လူရွေးချယ်မှုတွေကိုပြု လုပ်နေပြီဖြစ်ပါတယ်။

IFT Asia 14 & Under Closed Championship 2018 တင်းနစ်ပြိုင်ပွဲကို မြန်မာနိုင်ငံက ကစားသမား (၂)ယောက်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိတာဖြစ်တဲ့အတွက် အမျိုးသား(၁)ယောက်နဲ့ အမျိုးသမီး (၁)ယောက် ၀င် ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။အခုပြုလုပ်တဲ့ လူရွေးချယ်ပွဲကို အသက် (၁၄)နှစ် လူငယ်ကစားသမားတွေက၀င်ရောက်အရွေးချယ်ခံခဲ့ပြီး အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)၊ ပဲခူးတိုင်းဒေသကြီး ၊ မြင်းခြံမြို့နယ်၊ ခရမ်းမြို့နယ် စတဲ့ နေရာတွေ က ကစားသမားများက လာရောက်အရွေးချယ်ခံခဲ့ပါတယ်။ လာရောက်ရွေးချယ်တဲ့ ကစားသမားဦးရေ (၁၁)ဦး ထိရှိပြီး အဲ့ဒီထဲကမှ အမျိုးသား (၁) ဦးနဲ့ အမျိုးသမီး (၁) ဦးကိုရွေးချယ်သွားမှာဖြစ်ပါတယ်။ရွေးချယ်ထားတဲ့ကစားသမား (၂) ယောက်ကိုတော့ လာမယ့် စက်တင်ဘာလအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မှာကျင်းပမယ့် IFT Asia 14 & Under Closed Championship 2018” တင်းနစ်ပြိုင်ပွဲကို သွား ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

 

 

Related News