KBZ Women League ပွဲစဉ် (၁၃)အဖြစ် မြ၀တီအသင်းနဲ့ University အသင်းတို့က သြဂုတ်လ (၈)ရက် ညနေ (၃) နာရီခွဲက အောင်ဆန်းအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး မြ၀တီအသင်းက (၆)ဂိုး ဂိုးမရှိနဲ့ University  အသင်းကို အနိုင်ရရှိကာ ချန်ပီယံဆုနဲ့ အနီးစပ်ဆုံးအခြေအနေကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ မြ၀တီအသင်းက KBZ Women League မှာ လက်ရှိချန်ပီယံအသင်းဖြစ်ကာ လက်ရှိအချိန်မှာ University အ   သင်းကို ဂိုးပြတ်အနိုင်ရရှိကာ ချန်ပီယံဆုနဲ့ အနီးစပ်ဆုံးအခြေအနေကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။မြ၀တီအ    သင်းက အခုနှစ်မှာလည်း လက်ရှိချန်ပီယံ ပီပီ ခြေစွမ်းပြကစားနိုင်ခဲ့ကာ ဇယားထိပ်ဆုံးမှာ ဦးဆောင်နိုင်နေတာ ပဲ ဖြစ်ပါတယ်။မြ၀တီအသင်းက ၀ါရင့်ကစားသမားများနဲ့ လူငယ်ကစားသမားများကို ပေါင်းစပ်ပြီးထားတဲ့ အ    သင်းတစ်သင်းဖြစ်တာကြောင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအတွက် ကစားသမားအများစု အရွေးချယ်   ခံထားရတာလည်းဖြစ်ပါတယ်။

University အသင်းက အာဆီယံ University Games အတွက်ပြင်ဆင်နေတဲ့အသင်းတစ်သင်းဖြစ်ပြီးမြန်မာနိုင်  ငံအနှံအပြားမှာရှိတဲ့ တက္ကသိုလ်ကောလိပ်ပေါင်းစုံမှ ကျောင်းသူများကို ရွေးချယ်ကာ Women League မှာဝင်  ရောက်ယှဉ်ပြိုင်နေတဲ့အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ကစားသမားတွေရဲ့ အတွေ့အကြုံ အားနည်းမှုကြောင့်   Women League မှာရလဒ်တွေမကောင်းပေမဲ့လည်းကစားသမားတွေကို အတွေ့အကြုံကောင်းတွေရရှိစေရန် နဲ့  စုစည်းညီညွတ်စွာကစားတတ်စေရန် အခုလို University Games မတိုင်မှီ Women League မှာဝင်ရောက်ယှဉ်  ပြိုင်နေတာလည်းဖြစ်ပါတယ်။

University အသင်းက မကြာမှီမှာ ယှဉ်ပြိုင်တော့မဲ့ အထက်မြန်မာပြည်တက္က   သိုလ် နဲ့ အောက်မြန်မာပြည်တက္ကသိုလ် အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်တဲ့ကစားသမားများကို   လည်း ထပ်မံခေါ်ယူသွားမယ်လို့လည်းသိရပါတယ်။မြ၀တီအသင်းက ပွဲစဉ် (၁၄)နောက်ဆုံးပွဲစဉ်မှာ သစ္စာအားမာန်အသင်းနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး သရေတစ်   မှတ်ရရုံနဲ့ဗိုလ်စွဲနိုင်မှာဖြစ်ပါတယ်.သစ္စာအားမာန်အသင်းကို ရှုံးနိမ့်သွားမယ်ဆိုရင် သစ္စာအားမာန်အသင်းက ချန်  ပီယံဖြစ်သွားမယ်လို့လည်း သိရပါတယ်။

 

 

 

Related News