တစ်နှစ် တစ်ကြိမ်ကျင်းပနေကျဖြစ်တဲ့ မြန်မာ့ရိုးရာလက်ဝှေ့ရွှေခါးပတ်ချန်ပီယံပွဲက အခုဆိုရင် ဗိုလ်လုပွဲကို ရောက်ရှိလာပြီဖြစ်ပါတယ်။ ဗိုလ်လုပွဲကို သြဂုတ်လ (၁၂) ရက်နေ့ မန္တလေးမြို့ Diamond Plaza မှာ တွဲဆိုင်း (၇) ဆိုင်းနဲ့ ကျင်းပသွားမှာဖြစ်ပါတယ်။မြန်မာ့ရိုးရာ ရွှေခါးပတ်ချန်ပီယံပွဲက မျိုးဆက်သစ်ကစားသမားရှားပါးလားမှုကို အထောက်အကူပြုစေတဲ့ ပြိုင်ပွဲ  တစ်ပွဲဖြစ်ပြီး အခုပြိုင်ပွဲမှာ ရွှေခါးပတ်ရရှိသွားတဲ့ ကစားသမားတစ်ချို့ဟာ ပထမတန်း လက်ဝှေ့ကစားသမား   များဖြစ်လာတာကိုလည်းတွေ့ရှိခဲ့ရပါတယ်။အခုဗိုလ်လုပွဲမှာတော့ အမျိုးသားတွဲဆိုင်း (၆)ဆိုင်း နဲ့ အမျိုးသမီး တွဲဆိုင်း (၁)ဆိုင်းပါဝင်လာခဲ့ပြီး အခုနှစ်ပြိုင်ပွဲမှာ ထူးထူုးခြားခြားအနေနဲ့ အမျိုးသမီးတွဲဆိုင်းပါ ထည့်သွင်း ကျင်းပထားတာဖြစ်ပါတယ်။မြန်မာ့ရိုးရာလက်ဝှေ့ ရွှေခါးပတ်ချန်ပီယံ 2018 ပြိုင်ပွဲကို မြန်မာနိုင်ငံအနှံအပြားက ကလပ်အသင်းပေါင်းစုံမှ ကစားသမားအများအပြားက ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

မြန်မာ့ရိုးရာလက်ဝှေ့ ရွှေခါးပတ်ချန်ပီယံ ၂၀၁၈ ပြိုင်ပွဲမှာ သွေးသစ်ဝင်းလှိုင်၊ သပြေညို အစရှိတဲ့ ရွှေခါးပတ်ချန်ပီ  ယံဟောင်းများက ပြန်လည်ပါဝင်ထိုးသတ်ခဲ့ကြပြီး အဆိုပါကစားသမားများကတော့ ဗိုလ်လုပွဲကို တက်လှမ်းနိုင်   ခဲ့သလို သွေးသစ်မောင် ၊ ချိုင်းထူးတို့လို့ တိုင်းနဲ့ပြည်နယ်ပွဲမှာ ရွှေတံဆိပ်ယူထားနိုင်တဲ့ကစားသမားများက   လည်း ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ၇၁ ကီလိုတန်း ဗိုလ်လုပွဲမှာ တွေ့ဆုံမဲ့ သွေးသစ်ဝင်းလှိုင် နဲ့ ရှမ်းကို တို့ပွဲကတော့ ပရိသတ်အများအပြားက စိတ်ဝင်စားနေကြပါတယ်။မြန်မာ့ရိုးရာလက်ဝှေ့ ရွှေခါးပတ်ချန်ပီယံ ၂၀၁၈ ပြိုင်ပွဲ ကွာတားဖိုင်နယ် နဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို သြဂုတ်လ (၅)ရက်နေ့ကရန်ကုန် သိမ်ဖြူလက်ဝှေ့ရုံမှာ ကျင်းပသွားပြီး အခု နောက်ဆုံး ဗိုလ်လုပွဲကို မန္တလေးဒိုင်းမွန်း ပလာဇာမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

 

 

 

Related News