ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံကမ်ပို အဖွဲ့ချုပ်တို့ပူးပေါင်းဖွင့်လှစ်တဲ့ ကမ်ပိုနည်းပြမွမ်းမံသင်  တန်းကို စက်တင်ဘာလ (၉)ရက် မနက်ပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) သင်တန်းခန်းမမှာ   ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံကမ်ပို အဖွဲ့ချူပ်ကို ၂၀၁၃ ခုနှစ်ကတည်းက စတင်ထည်ထောင်ခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ်က  မြန်မာ နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် ရည်ရွယ်ပြီးဖွဲ့စည်းခဲ့တာဖြစ် ပါတယ်။အခု ဖွင့်လှစ်တဲ့ နည်းပြမွမ်းမံသင်တန်းကို အဖွဲ့ချုပ်စတင်တည်ထောင်ကတည်းက နှစ်စဉ်သင်  ကြား ပေးခဲ့ပြီး အခုနှစ်က (၅)ကြိမ်မြောက်ဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။အခုသင်တန်းကို ဂျပန်နဲ့ ကိုရီးယား   နည်းပြများက လာရောက်သင်ကြားပေးမှာဖြစ်ပါတယ်။

ကမ်ပိုကစားနည်းက အိုက်ခီဒိုနဲ့ ကရာတေးဒိုကစားနည်းတို့ပေါင်းစပ်ထားတဲ့ကစားနည်းတစ်ခုဖြစ်ပြီး ဂျပန်က  စားနည်းတခုလည်းဖြစ်ပါတယ်။ကမ်ပိုကစားနည်းက ၂၀၁၃ ခုနှစ်မှအဖွဲ့ခှူပ်စတင်တည်ထောင်ထားတဲ့အတွက် မြန်မာနိုင်ငံမှာ လူသိနည်းတဲ့ကစားနည်းတခုဖြစ်တယ်လို့လည်းသိရပါတယ်။အခုသင်တန်းကို သင်တန်း နည်းပြ အယောက် (၂၀)ကျော်တက်ရောက်သွားမှာဖြစ်ပါတယ်။ကမ်ပိုနည်းပြမွမ်းမံသင်တန်းကိုစက်တင်ဘာလ(၁၀)ရက်ကစတင်ပြီး (၁၀)ရက်ကြာသင်ကြားပေးမှာဖြစ်ပြီး ပြည်သူများကမ်ပို အားကစားနည်းကိုပိုမိုသိရှိစေဖို့အတွက် အခြေခံပညာအထက်ကျောင်းများနဲ့တက္ကသိုလ် များမှာလည်း လစဉ်လတိုင်း လိုက်လံသင်ကြားပေးသွားဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

 

 

Related News