အောက်တိုဘာလ (၁) ရက်ကနေ (၁၂) ရက်နေ့အထိ မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ICC World Men'sT20 ASIA Qualifier B  Tournament ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် လေ့ကျင့်မှု တွေပြုလုပ်နေပြီဖြစ်ပါတယ်။ဒီပြိုင်ပွဲကို မြန်မာနိုင်ငံက ပထမဦးဆုံးအကြိမ်သွားရောက်ယှဉ်ပြိုင်မှာလည်းဖြစ်ပါတယ်။ပြိုင်ပွဲကိုသွားရောက် ယှဉ်ပြိုင်ဖို့အတွက် မြန်မာနိုင်ငံက ကစားသမား (၂၄) ဦးကိုရွေးချယ်ထားပြီး အဲ့ဒီထဲကမှ ပဏာမ ကစားသမား (၁၄) ဦးကိုထပ်မံရွေးချယ်သွားမှာဖြစ်ပါတယ်။ပြိုင်ပွဲကို မြန်မာနိုင်ငံ အပါအ၀င် နီပေါ၊ စင်ကာပူ၊ တရုတ်၊ မလေးရှား၊ ထိုင်း နဲ့ ဘူတန်နိုင်ငံတို့က ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ခရစ်ကက်အားကစားနည်းက မြန်မာနိုင်ငံမှာ ၁၈၈၀လောက်ကစတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ကမ္ဘာ ပေါ်မှာ ရှိတဲ့ အင်အားကြီးနိုင်ငံ ၁၀၆ နိုင်ငံလောက်ကခရစ်ကက်ကစားနည်းကို ကျယ်ကျယ်ပြန့်ပြန့် ကစား နေတာလည်းဖြစ်ပါတယ်။ 

ICC World Men's T20 ASIA Qualifier B  Tournament ပြိုင်ပွဲကိုအောက်တိုဘာလ(၁)ရက်နေ့ ကနေ့ အောက်တိုဘာလ(၁၂)ရက်နေ့ အထိ မလေးရှားနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမှာဖြစ်ပြီး မြန်မာနိုင်ငံ ကပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဇွန်လထဲက စခန်းသွင်းလေ့ကျင့်နေတာဖြစ်ပါတယ်။

 

 

 

Related News