စက်တင်ဘာလ (၁၆)ရက် ပုသိမ်မြို့မှာ ယှဉ်ပြိုင်ထိုးသတ်မယ့် Lethwei Fight ပုသိမ်မျိုးဆက်သစ် လက်ဝှေ့ပြိုင်ပွဲအကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ အခုပြိုင်ပွဲကမျိုးဆက်သစ်လက်ဝှေ့ကစားသမားရှားပါးလာတဲ့ မြန်မာ့ရိုးရာလက်ဝှေ့အတွက် မျိုးဆက်သစ်ကစား   သမားများပေါ်ထွက်လာစေဖို့ရည်ရွယ်ပြီး ကျင်းပသွားမှာဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာလက်ဝှေ့ကလပ်အသင်း (၈)သင်း က ကစားသမား အယောက် (၂၀)ယှဉ်ပြိုင်သွားမှာဖြစ်ပြီး တွဲဆိုင်း (၁၀)ဆိုင်း (၅)ချီစိန်ခေါ်ပွဲ  ၊ (၄)ချီ စိန်ခေါ်ပွဲ  ၊ (၃) ချီစိန်ခေါ်ပွဲ  ဆိုပြီး ကျင်းပသွားမှာဖြစ်ပါတယ်။ အခုပြိုင်ပွဲက ကလပ် အသင်း အချင်းချင်း စိန်ခေါ်ပြိုင်ပွဲ ဖြစ်တာကြောင့် အမှတ်ပေးစနစ်ကို မသုံးဘဲ အလဲထိုးစနစ်နဲ့ပဲ ယှဉ်ပြိုင် ကစားသွားမှာဖြစ်တယ်လို့သိရပါတယ်။

ဒီပြိုင်ပွဲမှာ မျိုးဆက်သစ်အဓိကတွဲဆိုင်း (၃)ဆိုင်း ပါဝင်ပြီး ပါဝင်ယှဉ်ပြိုင်ထိုးသတ်မဲ့ကစားသမားတွေကတော့   2018 ရွှေခါးပတ်ချန်ပီယံ ကောင်းကောင်းနဲ့တိုင်းဒေသကြီးပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင် ဟံသာဝတီသားတို့ ယှဉ်ပြိုင် မဲ့ပွဲ ၊ အောက်ချင်းလေး နဲ့ ဒိုးလေးတို့ ယှဉ်ပြိုင်မဲ့ပွဲ နဲ့ MAMA အောင်လံဆုရှင် သိန်းစိုးနဲ့ တိုင်းဒေသကြီးပြိုင်ပွဲ  ရွှေတံဆိပ်ဆုရှင် ၀မ်းဝမ်းတို့ ယှဉ်ပြိုင်ထိုးသတ်မဲ့ပွဲတို့ဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာ   အနိုင်ရရှိတဲ့ကစားသမားများနဲ့ လက်ရည်ကောင်းတဲ့ကစားသမားများကို စီစစ်ပြီးနောက်ပိုင်းမှာ နိုင်ငံခြားကစားသမားများနဲ့ တွဲဆိုင်းများ စီစဉ် ပေးသွားမယ်လို့လည်းသိရပါတယ်။Lethwei Fight ပုသိမ်မျိုးဆက်သစ် လက်ဝှေ့ပြိုင်ပွဲကို စက်တင်ဘာလ (၁၆) ရက်ပုသိမ်မြို့နယ် ကိုးသိန်း မိုးလုံလေလုံအားကစားရုံမှာ နေ့လည် (၂) နာရီက စတင်ပြီးယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

 

 

 

Related News