Lethwei Nation Championship နိုင်ငံတကာရိုးရာလက်ဝှေ့စိန်ခေါ်ပွဲမှာ မြန်မာပြည်ကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်ထိုးသတ်သွားမယ့် ဂျပန်လက်ဝှေ့ကစားသမား ခနဲကို အကြောင်းကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ဂျပန်လက်ဝှေ့ကစားသမား ခနဲကိုက အသက် (၂၄)နှစ်အရွယ်ရှိပြီး မြန်မာ့ရိုးရာလက်ဝှေ့ယှဉ်ပြိုင်ထိုးသတ်ရတာကို ၀ါသနာပါသူတစ်ဦးဖြစ်ပါတယ်။သူကတော့ အရင်က MMA Kick Boxing ကစားနည်းကိုသာ    ကစားဖူးပြီး (၂၀၁၆)ခုနှစ် နှစ်စပိုင်းမှာ မြန်မာ့ရိုးရာလက်ဝှေ့ကိုလေ့လာနေတဲ့ ဂျပန်နိုင်ငံသား တာကာမိုရီ က တဆင့် ရိုးရာ လက်ဝှေ့ တာဝန်ရှိသူများနဲ့ တွေ့ဆုံပြီး မြန်မာ့ရိုးရာလက်ဝှေ့လောကကို ၀င်ရောက်လာခဲ့တာဖြစ်ပါတယ်။ ခနဲကိုက မြန်မာ့ရိုးရာလက်ဝှေ့ကိုပထမဦးဆုံး စတင်ထိုးသတ်တဲ့ပွဲမှာ သပြေညို နဲ့ ထိုးသတ်ခဲ့ပြီး ရှုံးနိမ့်ခဲ့ပါတယ်။ သူက ရန်ကုန်မှာကျင်းပတဲ့ လက်ဝှေ့ပွဲတွေမှာသာမကပဲ ကရင်ပြည်နယ်မှာ ကျင်းပတဲ့ ကရင်နှစ်သစ်ကူး   နေ့ အထိမ်းအမှတ်လက်ဝှေ့ပွဲများမှာလည်း မြန်မာ့ရိုးရာလက်ဝှေ့ကိုယှဉ်ပြိုင်ဖူးတယ်လို့ သိရပါတယ်။

ခနဲကိုက မြန်မာရိုးရာလက်ဝှေ့ကို (၉)ပွဲယှဉ်ပြိုင်ဖူးပြီး (၅)ပွဲနိုင် (၄)ပွဲ ရှုံးနိမ့်ထားပါတယ်။ခနဲကိုက (၂၀၁၆)ခုနှစ် အောက်တိုဘာလပိုင်းမှာ မြန်မာ့ရိုးရာလက်ဝှေ့ကလပ်တခုဖြစ်တဲ့ သတ္တိလက်ဝှေ့ ကလပ် ကိုရောက်ရှိလာပြီး ရိုးရာလက်ဝှေ့ရဲ့ ပညာရပ်များကို သင်ကြားခဲ့ပါတယ်။ ခနဲကို က အစပိုင်းမှာတော့ MMA MMA Kick Boxing ကိုသာ ယှဉ်ပြိုင်ဖူးတာကြောင့် မြန်မာ့ရိုးရာလက်ဝှေ့နည်းစနစ်များနဲ့ အသားကျဖို့ အခက် အခဲ များရှိခဲ့တယ်လို့လည်းသိရပါတယ်။ခနဲကိုက ဂျပန်နိုင်ငံသားဖြစ်တဲ့အတွက် ဂျပန်နိုင်ငံမှာသာနေထိုင်ပြီး ပြိုင်ပွဲနီးမှသာမြန်မာနိုင်ငံကိုလာရောက်ပြီးသတ္တိလက်ဝှေ့ကလပ်မှာ လေ့ကျင့်မှုတွေပြုလုပ်တာဖြစ်ပါတယ်။

စက်တင်ဘာလ (၂၃)ရက်နေ့ သိမ်ဖြူမှာကျင်းပမယ့် Lethwei Nation Championship နိုင်ငံတကာ ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကြီးမှာ ခနဲကိုက အဓိကတွဲဆိုင်းအဖြစ်ထိုင်းနိုင်ငံသားဖစ်နဲ့ ယှဉ်ပြိုင်ထိုးသတ်ရမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံသားဖစ်ကလည်း သြဂုတ်လကကျင်းပတဲ့ Lethwei Nation Championship Mandalay ပြိုင်ပွဲမှာရိုးရာလက်ဝှေ့ကစားသမား သပြေညို နဲ့ ယှဉ်ပြိုင်ဖူးထားတာဖြစ်ပြီး သရေကျခဲ့ပါတယ်။အခုလို မြန်မာပြည်  ကိုယ်စားပြုအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မယ့်ခနဲကို နဲ့ ထိုင်းမွေထိုင်း ချန်ပီယံဖြစ်တဲ့ ဖစ် တို့ ပွဲစဉ်ကို အဓိက တွဲဆိုင်းအဖြစ် ထားရှိခဲ့တဲ့ အကြောင်းကို Lethwei Nation Championship ပွဲစီစဉ်သူက အခုလိုပဲ    ပြောကြားသွားခဲ့ပါတယ်။မြန်မာပြည်ကိုယ်စားပြုအဖြစ်ထိုးသတ်မယ့် ဂျပန်လက်ဝှေ့ကစားသမား ခနဲကို နဲ့ ထိုင်းမွေထိုင်းချန်ပီယံ ဖစ်  တို့  ထိုးသတ်မယ့် Lethwei Nation Championship နိုင်ငံတကာရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို စက်တင်ဘာလ (၂၃) ရက်နေ့သိမ်ဖြူလက်ဝှေ့ရုံမှာကျင်းပသွားမှာဖြစ်ပါတယ်။

 

 

Related News