မြန်မာအားကစားသမားများနှင့် အနုပညာရှင်များ အတွက်ဇာတ်လမ်းတိုစီးရီး များနဲ့ ရန်ပုံငွေပွဲ ကို အောက်တိုဘာလ(16)ရက် က  မြန်မာပလာဇာမှာရှိတဲ့ Hard Rock Café မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ MultiVerse Advertising နှင့် Moonji Production တို့က ဦးစီးပြုလုပ်တဲ့ Still Life Film Series Premiere Show နဲ့ရန်ပုံငွေပွဲပဲ ဖြစ်ပါတယ်။ဒီပွဲက မြန်မာလူငယ်အားကစားသမား တွေ နဲ့ ဖန်တီးနိုင်စွမ်းရှိတဲ့လူငယ် အနုပညာရှင်များရင်ဆိုင်ကြုံတွေ့ နေရတဲ့အခက်အခဲများအာရုံစိုက်မိစေရန် ရည်ရွယ်ပြီး ပြုလုပ်တာဖြစ်ပါတယ်။

Still/Life Film ဇာတ်လမ်းတိုစီးရီးမှာ အကပညာရှင် ၊ ဘောလုံးအားကစားသမားများ၊ လက်ဝှေ့အားကစား သ မားများ၊ စကိတ် ဘုတ်စီးအားကစားသမားများ၊  ကာယဗလများနဲ့ ခြင်းလုံးကစားသမားတို့က ပါဝင်သ ရုပ်ဆောင်ထား တာဖြစ်ပြီးမြန်မာ့ဓလေ့ရိုးရာအကတွေ၊ ရိုးရာခြင်းလုံးကစားနည်းတွေနဲ့  ထုံးတမ်းစဉ်လာတီထွင် ဆန်းသစ်မှုကြားက ယဉ်ကျေးမှုအသစ်တစ်ခုပေါ်ထွက်လာပုံကို တွေ့မြင်နိုင်စေရန်အတွက်၊ မြန်မာလူငယ်တွေရဲ့ စိတ်ဓာတ်ခွန်အားကို ဖော်ကျူးရိုက်ကူးထားတဲ့ ဇာတ်လမ်းတိုဖြစ်ပါတယ်။

ဇာတ်လမ်းတိုစီးရီးကို ချင်းချောင်းနန်းတော် ၊ ဂုန်လျှော်စက်ရုံ၊ ကျိုက္ကဆံမြင်းပြိုင်ကွင်း ၊ စိန်ပေါလ် အထက် အတန်းကျောင်း၊ ဗိုလ်ချုပ်အောင်ဆန်းအားကစားကွင်း၊ အစရှိတဲ့နေရာတွေမှာ သွားရောက်ရိုက်ကူးထားတာဖြစ်ပြီး ဒီဇာတ်လမ်းတိုစီးရီးကို အောက်တိုဘာလ(16)ရက်က စတင်ပြီး Online မှာပြသသွားမှာ ဖြစ်တယ် လို့သိရပါတယ်။

 

 

Related News