တိုကျိုအိုလံပစ် ဒုတိယအဆင့်ခြေစစ်ပွဲအတွက် ပြင်ဆင်မှုတွေပြုလုပ်နေတဲ့ မြန်မာ့လက်ရွေးစင်ဘောလုံး အသင်းဟာ အိန္ဒိယဘောလုံးအဖွဲ့ချုပ်က ဖိတ်ကြားတဲ့ (၄)နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဒီကနေ့မှာ အပြီးသတ်ကစားသမား(၂၃)ဦး ရွေးချယ်သွားမယ်လို့ သိရပါတယ်။ ချမ်းမင်းစိုးက တင်ဆက်ပေးပါ့ မယ်။
ဖေဖော်ဝါရီလအတွင်း အိန္ဒိယဖိတ်ခေါ်ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ဖို့ရှိနေတဲ့ မြန်မာ့လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်းဟာ ပြိုင်ပွဲအတွက် အပြီးသတ်ကစားသမား(၂၃)ဦးကို ဒီကနေ့ ရွေးချယ်သွားမယ်လို့ သိရပါတယ်။ ပြိုင်ပွဲက ဖေဖော်ဝါရ်ီလ(၉)ရက်မှာ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အိမ်ရှင်အိန္ဒိယ အပါအ၀င် အီရန်၊ နီပေါ အသင်း တို့နဲ့ (၄)သင်းပတ်လည်ယှဉ်ပြိုင်သွားရမှာပါ။ မြန်မာ့လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်း ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ(၂၇)ရက်က ပဏာမကစားသမား(၂၉)ဦးကနေ (၄)ဦးလျော့ချထားတာ ဖြစ်ပြီး အခု ဖိတ်ခေါ်ပြိုင်ပွဲ အတွက်ကိုတော့ ကစာသမား(၂)ဦး ထပ်မံလျော့ချသွားမှာပါ။ 

အခုယှဉ်ပြိုင်မယ့် အိန္ဒိယဖိတ်ခေါ်ပြိုင်ပွဲက လက်ရွေးစင်အမျိုးသမီးအသင်းအနေနဲ့ တိုကျိုအိုလံပစ် ဒုတိယ အဆင့်ခြေစစ်ပွဲအတွက် ပြင်ဆင်တဲ့အနေနဲ့ သွားရောက် ယှဉ်ပြိုင်တာ ဖြစ်ပြီး ကစားသမားတွေ အတွေ့အကြုံ ရရှိဖို့ အဓိကဦးစားပေးသွားမယ်လို့ သိရပါတယ်။ လက်ရှိပဏာမစာရင်းမှာ အတွေ့အကြုံရင် ကစားသမားတွေ ဖြစ်တဲ့ ဝေေ၀အောင်၊ ခင်သန်းဝေ၊ ခင်မိုးဝေ၊ ခင်မာလာထွန်း၊ ရီရီဦး၊ ၀င်းသိဂီထွန်းအပါအ၀င် လူငယ်ကစား သမားတို့ချို့ပါ ပါဝင်လာတာဖြစ်ပြီး တိုကျိုအိုလံပစ် ခြေစစ်ပွဲ အတွက် အပြီးသတ်ကစားသမားကိုတော့ မတ်လမှာ ရွေးချယ်သွားမယ်လို့ သိရပါတယ်။လက်ရွေးစင်အမျိုးသမီးအသင်းဟာ တိုကျိုအိုလံပစ် ဒုတိယအဆင့်ခြေစစ်ပွဲကို ဧပြီလ(၃)ရက်အထိ (၉)ရက် အထိ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ခြေစစ်ပွဲမတိုင်ခင်မတ်လ အတွင်း ပြည်ပခြေစမ်းပွဲ(၂)ပွဲ ထပ်မံယှဉ်ပြိုင်သွားဖို့ ရှိတယ် လို့လည်း သိရပါတယ်။

 

Related News