Royal Thanlyin အသင်းက မြန်မာနေရှင်နယ်လိဂ် -၂ မနှစ်ကချန်ပီယံဖြစ်ခဲ့ပြီး လိဂ် -၁ ကို တန်းတက်ခွင့်ရရှိခဲ့ပေမဲ့ အ   ကြောင်းအမျိုးမျိုးကြောင့် လိဂ်-၁ ကို တန်းတက်နိုင်ခြင်းမရှိပဲ လိဂ် -၂ မှာသာ ဆက်လက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့     အခုနှစ် မြန်မာနေရှင်နယ်လိဂ် - ၂ မှာ (၂)ပွဲယှဉ်ပြိုင်ပြီးချိန်မှာ နိုင်ပွဲရယူထားနိုင်ခြင်းမရှိပဲ တစ်ပွဲသရေ တစ်ပွဲရှုံး ရလဒ်ရမှတ် (၁)မှတ်သာ ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။Royal Thanlyin အသင်းက မနှစ်ကလူစာရင်းကို အပြောင်းအလဲ    ပြုလုပ်ထားခြင်းမရှိပေမဲ့ ကစားသမားအများစုက ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်နေရပြီးတော့ အဖွင့်ပွဲစဉ်မှာ မောရ၀တီအသင်း   ကို (၂)ဂိုး (၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့သလို University အသင်းကိုလည်း ဂိုးမရှိသရေ ရလဒ်နဲ့သာကျေနပ်ခဲ့ရပါတယ်။

Royal Thanlyin အသင်းကမနှစ်ကလိဂ် (၂)မှာ ချန်ပီယံဖြစ်တုန်းက တိုက်စစ်ပိုင်းက ဂိုးများစွာသွင်းယူထားနိုင်ပေမဲ့လည်း    အခုနှစ်မှာ တိုက်စစ်ပိုင်းက ဂိုးရရှိဖို့ ရုန်းကန်နေရတာလည်းဖြစ်ပါတယ်။University အသင်းက မြန်မာနိုင်ငံအနှံအပြားများ   တက္ကသိုလ်များက ကစားသမားများနဲ့ စုစည်းထားတာဖြစ်ပေမဲ့လည်း အခုနှစ်မှာ ကစားသမားအများစုက အသင်းပြောင်း    ရွှေ့သွားကြတာကြောင့် ကစားသမားသစ်များနဲ့ ယှဉ်ပြိုင်ခဲ့ရပြီး အဖွင့်ပွဲစဉ်မှာ ချင်းယူနိုက်တက်အသင်းကို (၅)ဂိုး (၁)ဂိုးဆို   တဲ့ ရလဒ်နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရပေမဲ့ ဒုတိယပွဲစဉ်ဖြစ်တဲ့ Royal Thalyin အသင်းနဲ့ ပွဲစဉ်မှာတော့ သရေတစ်မှတ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒီနေ့မှာ မြန်မာနေရှင်နယ်လိဂ်-၂ နောက်ထပ်ပွဲစဉ် (၂)ပွဲအဖြစ် မောရ၀တီအသင်း နဲ့ ISPE အသင်း ၊ ချင်းယူနိုက်တက်    အသင်းနှဲ့Silver Stars FC အသင်းတို့က ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

 

 

Related News