မြန်မာ့လက်ရွေးစင်ယူ-၂၂အသင်းရဲ့ နည်းပြသစ်ပိုပေါ့အနေနဲ့ အာဆီယံယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲနီးမှ အသင်း ကို တာဝန်ယူ ကိုင်တွယ်ရတယ်ဆိုပေမယ့် သူ့အတွက် အခက်အခဲမရှိနိုင်ဘူးလို့ ပြောပါတယ်။(၂၀၁၉)ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲအတွက် ရည်ရွယ်ဖွဲ့စည်းထားတဲ့ မြန်မာ့လက်ရွေးစင်ယူ-၂၂အသင်းဟာ အခုလ အတွင်း အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်သွားမှာပါ။ ယခင်က မြန်မာယူ-၂၂အသင်းကို ဦးကြည်လွင်ကိုင်တွယ်ခဲ့ရာကနေ ဇန်န၀ါရီ(၁၆)မှာ ၄င်းကို ထုတ်ပယ်ခဲ့ပြီး ဘူဂေးရီးယားနိုင်ငံသား ပိုဗော့ကို နည်း ပြအဖြစ် ခန့်အပ်ခဲ့တာပါ။ လက်ရှိမှာ အသစ်ခန့်အပ်ထားတဲ့ နည်းပြသစ် ပိုဗော့ဟာ မြန်မာယူ-၂၂ အသင်း နဲ့ အတူ လေ့ကျင့်မှုတွေကို ဖေဖော်ဝါရီလ(၄)ရက်က စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။

မြန်မာယူ-၂၂အသင်းဟာ လာမယ့် ဖေဖော်ဝါရီလ(၁၈)ရက်မှာ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပမယ့် အာဆီယံယူ-၂၂ချန်ပီယံရှစ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေတာ ဖြစ်ပြီး ပြိုင်ပွဲနီးကပ်ချိန်မှာ တာဝန်ယူကိုင်တွယ်ရပေမယ့် သူ့အတွက် အခက် အခဲမရှိဘူးလို့ နည်းပြချုပ်က ပြောပါတယ်။မြန်မာယူ-၂၂အသင်းဟာ လက်ရှိမှာ ပဏာမကစားသမား(၂၈)ဦးနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး ပြိုင်ပွဲမတိုင်မီမှာ ခြေစမ်းပွဲနှစ်ပွဲခန့် ယှဉ်ပြိုင်ကစားဖို့ ရှိနေတာပါ။ ဒီခြေစမ်းပွဲတွေ အပြီးမှာ အာဆီယံပြိုင်ပွဲအတွက် အပြီးသတ် ကစားသမားတွေ ဖြတ်သွားမယ်လို့ ဆိုပါတယ်။ လက်ရှိအသင်းမှာ ဇင်မင်းထွန်း၊ ၀င်းမိုးကျော်စတဲ့ ဒဏ်ရာ ရကစားသမား(၂)ဦးရှိနေပြီး ထပ်မံဒဏ်ရာရတဲ့ ကစားသမားမရှိဖို့ မျှော်လင့်တယ်လို့ သူကဆိုပါတယ်။အာဆီယံယူ(၂၂)ချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာယူ-၂၂အသင်းဟာ အိမ်ရှင်ကမ္ဘောဒီးယား၊ မလေးရှား၊ အင်ဒိုနီးရှား အသင်းတို့နဲ့ တစ်အုပ်စုထဲ ကျရောက်နေပြီး ဖေဖော်ဝါရီလ(၁၈)ရက်မှာ အဖွင့်ပွဲစဉ်အဖြစ် မြန်မာအသင်းဟာ အင်ဒိုနီးရှားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

 

 

Related News