လာမယ့် (၂၀၁၉) ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာနိုင်ငံက BMX ကစားနည်းကို ၀င်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် BMX က မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်လက်အောက်ကနေ BMX အဖွဲ့အစည်းအဖြစ်ရပ်တည်မှာဖြစ်ပြီး ဖိလစ်ပိုင် ဆီးဂိမ်းအတွက် ဆန်ကာတင် ကစားသမားတွေကိုရွေးချယ်ထားပြီးပြီလည်းဖြစ်ပါတယ်။ ရွေးချယ်ထားတဲ့ ကစားသမားတွေက အသက်(၁၉)နှစ်အရွယ်သာရှိသေးတဲ့ BMX ကစားသမား ကောင်းဆက်ရဲ့အကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။BMX ကစားသမား ကောင်းဆက်က အသက် (၁၉)အရွယ်သာရှိသေးတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

သူဟာ ဥက္ကံမှာနေ ထိုင်တာဖြစ်ပြီး ငယ်စဉ်ကထဲက စာပေ ဘက်မှာထူးချွန်တဲ့အတွက် ဆုတံဆိပ်တွေအများအပြားရရှိခဲ့သူလည်းဖြစ်ပါတယ်။ဒါ့အပြင် ကောင်းဆက်က ငယ်စဉ်က ကြက်တောင် အားကစားနည်းကိုဝါသနာပါပြီး ဆုတံဆိပ်တွေလည်းရရှိထားသူပါ။ သူဟာ (၇)တန်း အရွယ်မှာ BMX ကိုစိတ်ဝင်စားပြီး BMX နဲ့ပတ်သက်တာကိုစတင်လေ့လာခဲ့တာဖြစ်ပါတယ်။သူ့အတွက် အဓိက ပံ့ပိုးပေးတဲ့သူက သူ့ရဲ့ဖခင် ဖြစ်သူပဲဖြစ်ပါတယ်။BMX ကစားသမား ကောင်းဆက်က Myanmar BMX Association နဲ့ပူးပေါင်းထဲက ရန်ကုန်မြို့မှာနေထိုင်ပြီး မိသားစုရှိတဲ့ ဥက္ကံ နေအိမ်ကို တစ်ခါတစ်လေမှ ပြန်တာ ဖြစ်ပါတယ်။ကောင်းဆက်က နောက်ပိုင်းမှာ Myanmar BMX Association နဲ့ပူးပေါင်းခဲ့ပြီး ပြည်တွင်းပြိုင်ပွဲများစွာကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။

အခုလက် ရှိမှာတော့ (၂၀၁၉) ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ ဆန်ကာတင်စာရင်းထဲမှာပါဝင်နေတဲ့အတွက် လှည်းတန်းဂုံးကျော် တံတားမှာ အားလပ်ချိန်တိုင်း လေ့ကျင့်မှုတွေ ပြုလုပ်နေတာပါ။လက်ရှိမှာတော့ လှည်းတန်းဂုံးကျော်တံတားအောက်မှာ လေ့ကျင့်ဖို့အတွက် ကွင်းတည်ဆောက်ထားပေမယ့်လည်း ကွင်းအခက်အခဲကတော့ ရှိပါတယ်။BMX အားကစားနည်းအနေနဲ့လာမယ့်ဆီးဂိမ်းပြိုင်ပွဲအတွက် ဆန်ကာတင် ကစားသမား (၁၀)ယောက်ကိုရွေးချယ်ထားပြီး သွားရောက် ယှဉ်ပြိုင်ဖို့အတွက် အကောင်းဆုံးကစားသမား (၂)ယောက်ကိုရွေးချယ်မှာဖြစ်ပါတယ်။ ရွေးချယ်ထားတဲ့ကစားသမား (၂)ယောက်ကိုလည်း ပြည်ပနိုင်ငံမှာ Join Training သွားရောက်လေ့ကျင့်မယ်လို့လည်းသိရပါတယ်။

 

 

Related News