ဗိုလ်ချူပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲအတွက် ပွဲစဉ်မဲနှိုက်ရေးဆွဲပွဲအခမ်းအနားကို ဖေဖော်ဝါရီ   လ (၁၃)ရက် ယနေ့ နေ့လည် (၂)နာရီက Goal Hotel MFF Meeting Room မှာကျင်းပခဲ့ပါတယ်။ဗိုလ်ချူပ်အောင်ဆန်းဒိုင်းပြိုင်ပွဲကတော့ မြန်မာနေရှင်နယ်လိဂ်နဲ့မြန်မာနိုင်ငံဘောလုံးအဖွဲ့ချူပ်တို့က ပူးပေါင်းကျင်းပတဲ့ ပြိုင်ပွဲတခုဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ်၊ လိဂ် (1) ကကလပ်အသင်းများနဲ့ လိဂ် (2) က ကလပ်အသင်းတို့ ယှဉ်ပြိုင်ကစားရ  တဲ့ ပြိုင်ပွဲတခုဖြစ်ပါတယ်။ပြိုင်ပွဲကို ပထမအဆင့် ၊ ဒုတိယအဆင့် ၊ ကွာတားဖိုင်နယ် ၊ ဆီမီးဖိုင်နယ် ၊ ဗိုလ်လုပွဲဆိုပြီး အဆင့်   (၅)ဆင့်ယှဉ်ပြိုင်သွားမှာပါ။ပထမအဆင့်မှာတော့ ပြီးခဲ့တဲ့နှစ် မြန်မာနေရှင်နယ်လိဂ်(1)မှာ အဆင့် (၁၁) နဲ့ အဆင့် (၁၂)ရရှိ  ထားသော အသင်းများနဲ့ လိဂ် (1) ကအသင်းများက ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ဒုတိယအဆင့်မှာ မြန်မာနေရှင်နယ်   လိဂ် (1) မှာ အဆင့် (၂)ကနေ အဆင့် (၁၀)ထိ ရရှိထားသော အသင်းများ ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ကွာတားဖိုင်နယ်  မှာတော့ မနှစ်က ဗိုလ်ချူပ်အောင်ဆန်းဒိုင်းမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ရန်ကုန်အသင်းက စတင်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ဗိုလ်ချူပ်အောင်ဆန်းဒိုင်း မဲခွဲပွဲပြီးတဲ့ အချိန်မှာတော့ ပထမအဆင့်မှာ လိဂ် (2)ကလပ်အသင်းများ ထိပ်တိုက်တွေ့ဆုံမှုတွေ ပါဝင်ခဲ့ပြီးတော့ ဒုတိယအဆင့်ပြိုင်ပွဲမှာတော့ လက်ရှိပုံစံကောင်းပြသနေတဲ့ ရခိုင်ယူနိုက်တက်အသင်း နဲ့ ဇွဲကပင်ယူနိုက်   တက်အသင်း ၊ ရတနာပုံအသင်း နဲ့ ဧရာဝတီယူနိုက်တက်အသင်းတို့ အချင်းချင်းထိပ်တိုက်တွေ့ဆုံတဲ့ပွဲများ ပါဝင်ပါတယ်။ဗိုလ်ချူပ်အောင်ဆန်းဒိုင်းပွဲစဉ်တွေကို မတ်လ (၁၃)ရက်နေ့မှာ ပထမအဆင့်ပွဲစဉ်တွေ စတင်ယှဉ်ပြိုင်မှာဖြစ်ပြီး နောက်ဆုံး   ဗိုလ်လုပွဲကို စက်တင်ဘာလမှာ ယှဉ်ပြိုင်ကစားသွားမှာပဲဖြစ်ပါတယ်။

 

 

Related News