မြန်မာ့လက်ရွေးစင်ဖူဆယ်ကစားသမားတစ်ယောက်ဖြစ်တဲ့ ငြိမ်းမင်းစိုးကစစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ဇာတိဖြစ်  ပါတယ်။သူက ဘောလုံးကစားနည်းကို စတင် ကစားကတည်းက ဖူဆယ်ဘောလုံးကစားနည်းကိုသာ စိတ်ဝင်စားခဲ့ပြီး   လူအနည်းစုနဲ့ယှဉ်ပြိုင်လို့ရတဲ့အတွက် အခုလိုကြိုက်နှစ်သက်တာဖြစ်တယ်လို့ သိရပါတယ်။ ငြိမ်းမင်းစိုးက     ၂၀၁၃ ခုနှစ် အကုန်ပိုင်းလောက်မှာ ရန်ကုန်ကိုတစ်ဦးတည်း တက်လာခဲ့ပြီး ၂၀၁၄ ခုနှစ်က UPT ဖူဆယ်ကလပ်အသင်းမှာ   စတင်ကစားခဲ့ပါတယ်။ သူရဲ့လက်ဦးဆရာက UPT ဖူဆယ်အသင်းနည်းပြဖြစ်တဲ့ ဦးအောင်မော်သိန်းပဲဖြစ်ပါတယ်။ငြိမ်းမင်း    စိုးကတော့ မြန်မာ့လက်ရွေးစင်ဖူဆယ် ယူ -၁၈ အသင်းမှာ ၂၀၁၄ ခုနှစ်မှာ စတင်ရွေးချယ်ခြင်းခံရပြီး၂၀၁၄ ခုနှစ်မှာ  ပဲ မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းကြီးမှာ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

ငြိမ်းမင်းစိုးက မြန်မာ့လက်ရွေးစင်ဖူဆယ်ဘောလုံးအသင်းအတွက် ၂၀၁၄ ခုနှစ်ကနေ လက်ရှိအချိန်ထိ ပွဲပေါင်း၁၆ပွဲကစား   ပေးထားပြီးတော့ ကလပ်အသင်းအနေနဲ့ VUC ဖူဆယ်ကလပ်အသင်းမှာကစားနေသူလည်းဖြစ်ပါတယ်။သူအနေနဲ့ တစ်ဦး   ချင်းအောင်မြင်မှုအနေနဲ့ ၂၀၁၄ နဲ့ ၂၀၁၆ ခုနှစ်မှာ ဖူဆယ်လိဂ်မှာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။လက်ရှိမှာ ပါဝင်ကစားနေတဲ့ VUC ဖူဆယ်အသင်းက ဖူဆယ်လိဂ်မှာ ဒုတိယနေရာမှာ ရပ်တည်နေပြီး သူကတော့ အသင်းရဲ့  အဓိက   ကစားသမားအနေနဲ့ ခြေစွမ်းပြကစားနေသူလည်းဖြစ်ပါတယ်။မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းမှာ စတင်ရွေးချယ်ခံရပြီး  နောက် အမှတ်တရများကိုလည်း ငြိမ်းမင်းစိုးက အခုလိုပဲ ပြောပြသွားခဲ့ပါတယ်။

ငြိမ်းမင်းစိုးကလက်ရှိမှာ အသက် (၂၁)နှစ်အရွယ်သာရှိသေးတာကြောင့် မြန်မာ့လက်ရွေးဖူဆယ်ဘောလုံးအသင်း အနာဂါတ်မှာလည်း ထွန်းတောက်လာမဲ့ ကစားသမား ဖြစ်တယ်လို့တာဝန်ရှိသူများရဲ့ သတ်မှတ်ခြင်းကိုလည်း ခံထားရပါတယ်။  အခုနှစ်မှာတော့ သူ ပါဝင်ကစားနေတဲ့ VUC ဖူဆယ်အသင်းအတွက် အောင်မြင်မှုရယူပြီးတော့ ဖူဆယ်လိဂ်ရဲ့တစ်နှစ်တာ  အကောင်းဆုံးဆုကို ထပ်မံရရှိနိုင်အုန်းမလားဆိုတာကိုတော့ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

 

Related News