မန္တလေး မန္တလာသီရီ ကွင်းတွင် ပထမဦးဆုံးအကြိမ် ကျင်းပခဲ့တဲ့ WLC-7 mighty warriors wrold lethwei championship ပြိုင်ပွဲ”  ကိုတွဲဆိုင်း (၇)ဆိုင်းနဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။ မန္တလေး မန္တလာသီရီ ကွင်းတွင် ပထမဦးဆုံးအကြိမ် ကျင်းပခဲ့တဲ့ WLC-7 mighty warriors wrold lethwei championship ပြိုင်ပွဲကို မနေ့ညနေ ၅ နာရီအချိန်က မန္တလာသီရီ ကွင်းမှာကျင်းပခဲ့ပါတယ် Wlc -7 mightly warriors ပြိုင်ပွဲကြီးကို လိုက်ဝယ်သာဝိတ် ကမ္ဘာချန်ပီယံခါးပတ်လုပွဲ အပါဝင် တွဲဆိုင်း ခုနှစ်ဆိုင်းလုံးကို အမှတ်ပေးစနစ်နဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။ အဆိုပါတွဲဆိုင်းများထဲမှာ ပြည်တွင်းကစားသမားချင်း ယှဉ်ပြိုင်ခဲ့တဲ့ စောဘဦး ရွေဘားလားနဲ့ ရန်နိုင်ထွန်း ဇွဲကပင်မြေတို့ပွဲစဉ် မှာတော့ ပရိသတ်အကြိုက်တွေ့ခဲ့ပြီး အရူံးအနိုင်မပေါ်ခဲ့ပေမယ့် အမှတ်ဖြင့်ဆုံးဖြတ်ခဲ့ရာ ရန်နိုင်ထွန်းက အနိုင်ရရှိခဲ့ပါတယ်။
 
နိုင်ငံတကာစိန်ခေါ်ပွဲမှာတော့ ရွေရာမာန် မြန်မာနဲ့ ရုရှားနိုင်ငံသား ဆာရှာမွက်ဆာတို့ ပွဲစဉ်မှာတတိယအချီမှာပဲ ရုရှားနိုင်ငံသား ဆာရှာမွက်ဆာ ကအလဲထိုးအနိုင်ရခဲ့ပါတယ် လိုက်ဝယ်သာဝိတ် ကမ္ဘာ့ချန်ပီယံလုပွဲမှာတော့ စောထူးအောင် မြန်မာနဲ့ ပေါ်တူဂီ နိုင်ငံသား အန်တိုနီယိုဖာရီယာ ပွဲစဉ်မှာတော့ ဒုတိယအချီမှာပဲ အန်တိုနီယို ဖာရီယာက အလဲထိုးအနိုင်ရခဲ့ပြီး လိုက်ဝယ်သာဝိတ် ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ပါတယ်။Wlc-7 mightly warriors ပြိုင်ပွဲကြီးကိုတော့ မန္တလေးပရိသတ် အများအပြားလာရောက်ကြည့်ရှု့ခဲ့ကြပြီး canal plus ရုပ်သံလိုင်း ကလည်း တိုက်ရိုက်ထုတ်လွင့်ပြသခဲ့ပါတယ်။

 

Related News