မန္တလေးမြို့မှာ ကျင်းပနေတဲ့ အာရှအမျိုးသမီးယူ-၁၆ ဒုတိယအဆင့်ခြေစစ်ပွဲ အဖွင့်ပွဲစဉ်မှာ မြန်မာ့လက်ရွေးစင်အမျိုးသမီးယူ-၁၆အသင်းက တရုတ်အမျိုးသမီးအသင်းကို (၅)ဂိုးပြတ်နဲ့ ရှုံးနိမ်ခဲ့ပါတယ်။ ဒီပွဲစဉ်မှာ မြန်မာအမျိုးသမီးအသင်းရဲ့ နောက်တန်းနဲ့ ဂိုးသမားက အမှားတွေများနေခဲ့တာကြောင့် အခုလိုဂိုးတွေ ခွင့်ပြုပေးခဲ့ရတာဖြစ်ပြီး လာမယ့်ပွဲစဉ်တွေမှာတော့ အမှားတွေ ပြင်ဆင်ဖို့ လိုအပ်နေတာပါ။ ဒါ့အပြင် ဒီအုပ်စုမှာ (၂)သင်းခြေစစ်ပွဲအောင်မြင်မှာဖြစ်တာကြောင့် လက်ကျန်(၂)ပွဲမှာ မြန်မာအသင်းအမှားအယွင်းမရှိအနိုင်ရရှိဖို့ လိုအပ်နေတာပါ။

မြန်မာအသင်းနဲ့ တွေ့ဆုံမယ် ဘင်္ဂလားဒေ့ရှ်အသင်းဟာ အဖွင့်ပွဲစဉ်မှာ ဖိလစ်ပိုင်းအသင်းကို (၁၀)ဂိုးပြတ်နဲ့ အနိုင်ရရှိထားတာပါ။ ဒါ့အပြင် အခုယူ-၁၆အသင်းကို ကိုယ်တွယ်နေတဲ့ ဘင်္ဂလားဒေ့ရှ်အသင်းရဲ့ နည်းပြဟာ လက်ရွေးစင်အမျိုးသမီးအသင်းကို ကိုယ်တွယ်နေတဲ့ နည်းပြဖြစ်သလို ခုယူ-၁၆အသင်းမှာဆိုရင်လည်း လက်ရွေးစင်ကစားသမား(၇)ဦးထိ ပါဝင်နေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာယူ-၁၆အသင်းအနေနဲ့  ဒီအသင်းဟာ တရုတ်အသင်းပြီးရင် နောက်တဆင့်တက်ဖို့ ဒုတိယယမြောက် ပြိုင်ဖက်ဖြစ်နေတာ ဖြစ်ပါတယ်။မြန်မာယူ-၁၆အသင်းနဲ့ ဘင်္ဂလားဒေ့ရှ်ယူ-၁၆အသင်းတို့ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်ကို မနက်ဖြန် မတ်လ(၁)ရက် ညနေ(၆)နာရီ အချိန်မှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

 

Related News