မတ်လ(၈)ရက်နေ့ သုဝဏမိုးလုံလေလုံအားကစားရုံမှာ ကျင်းပမယ့် One Championship REGIN OF VALOR ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် မြန်မာကစားသမားတွေအနေနဲ့ ပြိုင်ဖက်တွေကို အလဲထိုးအနိုင်ရဖို့ ယုံကြည် တယ်လို့ မတ်လ(၅)ရက်က ပြုလုပ်ခဲ့တဲ့ Open Workout မှာ ပြောကြားခဲ့ပါတယ်။ ရန်ကုန်မြို့မှာ ကျင်းပမယ့် One Championship ပြိုင်ပွဲမှာ မြန်မာကစားသမား(၃)ဦးပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါ တယ်။ ဒီပြိုင်ပွဲမှာ အဓိက တွဲဆိုင်းအဖြစ် ဆွီဒင်ကစားသမား One ၀ယ်သာဝိတ်ကမ္ဘာ့ချန်ပီယံ ဇီဘက်တီယန် ကာဒီစတန်နဲ့ စိန်ခေါ်သူ ကာဇက်စတန်နိုင်ငံမှ ကီချီဂျင်ထို့ ထိုးသတ်မှာဖြစ်ပြီး ဒုတိယအဓိက တွဲဆိုင်း အဖြစ် ဖိုးသော်နဲ့ အသက်(၃၈)နှစ်အရွယ်ရှိတဲ့ အင်ဒိုနီးရှား ကစားသမား ယိုဟမ်မူလီယာလီဂိုဝို တို့ ယှဉ်ပြိုင် ထိုးသတ်မှာ ဖြစ်ပါတယ်။ သူဟာ One Championshipမှာ (၁)ပွဲသာနိုင်ပွဲရရှိထားသလို နောက်ဆုံးယှဉ်ပြိုင် ထားတဲ့ (၃)ပွဲမှာ (၃)ပွဲစလုံး ရှုံးနိမ့်ထားသူပါ။ ဖိုးသော်ဟာ One Championship မှာ (၆)ပွဲယှဉ်ပြိုင် ထိုးသတ် ခဲ့ရာမှာ (၁)ပွဲရှုံးနိမ့်ထားတာဖြစ်ပြီး အခု(၇)ပွဲ မြောက်မှာ ပြိုင်ပွဲအတွက် သေချာပြင်ဆင်ထားတဲ့ဖြစ်တာကြောင့် ဒုတိယအချီလောက်မှာ အလဲထိုးအနိုင်ယူသွားမယ်လို့ အခုလိုပြောပြထားပါတယ်။

ဒီပြိုင်ပွဲမှာOne Championship ကို ပထမဆုံးပွဲဦးထွက် ယှဉ်ပြိုင်ကစားမယ့် ချင်းတိုင်းရင်းသား တီရဲလ်ထန်ဟာ ကမ္ဘောဒီးယား ခမာရိုးရာလက်ဝှေ့ကစားသမား ရင်ဆာရာအို့စ်နဲ့ ယှဉ်ပြိုင်ထိုးသတ်သွားရမှာပါ။ တီရဲလ်ထန်ဟာ One မစ်ဒယ်ဝိတ်နှင့်လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်မှ လေ့ကျင့်သင်ကြားပေထားသူဖြစ်ပြီး သူရဲ့ ပထမဆုံး One Championshipပြိုင်ပွဲမှာတင် ပထမအချီမှာ အလဲထိုးအနိုင်ယူသွားမယ်လို့ ကြွေးကြော် ထားတာပါ။ ဒါ့အပြင် အမျိုးသမီးပြိုင်ပွဲတလျောက် အလျင်မြန်ဆုံးထိုးသတ်နိုင်သူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တဲ့ ကယန်းတိုင်းရင်းသူ မြန်မာဖိုက်တာကစားသမား အန်တိုနီယာကလည်း မလေးရှားကစားသမား ဘွန်နီဖေ့စ်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အခုတွေ့ဆုံမယ့်ပွဲစဉ်မှာလည်း အနိုင်ရဖို့ ယုံကြည်တယ်လို့အခုလိုပြောပြခဲ့ပါတယ်။အခုကျင်းပမယ့် One : REGIN OF VALORပြိုင်ပွဲမှာ အဓိကတွဲဆိုင်းအပါအ၀င် ပွဲစဉ်(၁၄)ပွဲပါဝင်မှာဖြစ်ပြီး မတ်လ(၈)ရက်နေ့ ညနေ(၆) နာရီအချိန်စတင်ကာ သုဝဏမိုးလုံလေလုံအားကစားရုံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

 

 

Related News