အခုနှစ်ကျင်းပမယ့် (၂၀၁၉)ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲမှာ စည်းကမ်းပိုင်းဆိုင်ရာ မလိုက်နာသူ တွေကို ပြစ်ဒဏ်(၂)ဆ တိုးမြင့်ချမှတ်သွားမယ်လို့ မြန်မာ နေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ပြောပါတယ်။ယခင်နှစ်က ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ရန်ကုန်ယူနိုက် တက် အသင်းနဲ့ ဟံသာဝတီယူနိုက်တက်အသင်းတို့ပွဲစဉ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေကြောင့် အခုနှစ်ပြိုင်ပွဲမှာ အလားတူဖြစ်ရပ်တွေ မဖြစ်ပွားစေဖို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ပြစ်ဒဏ် တိုးမြင့်လိုက်တာပါ။ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ဘောလုံးပြိုင်ပွဲကို (၁၉၅၇)ခုနှစ်မှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး ပရော်ဖက်ရှင် နယ်လိဂ်စတင်ကျင်းပခဲ့တဲ့ (၂၀၀၉)ခုနှစ်မှာ တခြား စပွန်ဆာ Sponsar အမည်နဲ့ကျင်းပခဲ့ပါတယ်။

(၂၀၁၅)ခုနှစ် မှာ ယခင်ရှိခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ပြိုင်ပွဲဆိုတဲ့ အမည်နဲ့ ပြန်လည်ကျင်းပခဲ့ပြီး ကလပ် အသင်းတွေ ရဲ့ ပြိုင်ဆိုင်မှုဟာလည်း ပိုမိုပြင်းထန်လာခဲ့တာပါ။ မနှစ်ကဗိုလ်လုပွဲမှာ ရန်ကုန်ယူနိုက်တက်အသင်းမှ ကျော်ဇင် ထက်နဲ့ မင်းကျော်ခန့်တို့ ကွင်းလယ် ဒိုင်လူကြီးကို ရိုင်းပြစွာ ပြုမူခဲ့တာကြောင့် (၁၂)ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ကြေး ငွေချမှတ်ခံခဲ့ရပြီး ခုနှစ်ပြိုင်ပွဲမှာတော့ ပြစ်ဒဏ်ဟာ ပိုမိုပြင်းထန်လာဖွယ်ရှိနေပါတယ်။(၂၀၁၉)ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ဘောလုံးပြိုင်ပွဲ ပထမအဆင့်ပွဲစဉ်တွေကို မတ်လ(၁၃)ရက်မှာ စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။

 

 

Related News