ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမယ့် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ စစ်တုရင်ကစား နည်းက ကစားသမား(၂)ဦးနဲ့ ၀င်ပြိုင်မှာဖြစ်တယ်လို့ အဖွဲ့ချုပ်တာဝန်ရှိသူရဲ့ ပြောပြချက်အရ သိရပါတယ်။ သတင်းထောက် - ရဲရင့်အောင်(၂၀၁၉)ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲအတွက်ရည်ရွယ်ပြီး ကစားသမားရွေးချယ်ဖို့အတွက် အာဆီယံရိုးရာစစ်တုရင်ပြိုင်ပွဲကို ဇူလိုင်လ(၉)ရက်ကနေ (၁၃)ရက်အထိ ရန်ကုန်မြို့အောင်ဆန်းအားကစားကွင်းမှာ ကျင်းပနေပါတယ်။ ယခုပြိုင် ပွဲမှာ အပြည်ပြည်ဆိုင်ရာလက်ရွေးစင်ကစားသမား (၁၀) ဦးအထိ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အဆိုပါကစားသမား (၁၀)ဦးစာရင်းထဲကမှ လက်ရွေးစင်ကစားသမား(၄)ဦးကို ဆီး    ဂိမ်းပြိုင်ပွဲအတွက်မဏာမအဆင့် ရွေးချယ်မှု ပြုလုပ်သွားမှာပါ။ အဆိုပါရွေးချယ်ဖြစ်တဲ့ကစားသမား (၄) ဦးစာရင်းထဲကမှ (၂)ဦးကိုသာထပ်မံစီစစ်ရွေးချယ်ပြီး ဆီးဂိမ်းပြိုင်ပွဲအတွက်စေလွှတ်သွားမယ်လို့သိရပါတယ်။

မြန်မာ့လက်ရွေးစင်စစ်တုရင်ကစားသမားများအနေနဲ့ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ (၂၀၁၁) ဆီးဂိမ်းပြိုင်ပွဲမှာ ငွေတံ    ဆိပ်ဆုဆွတ်ခူးရရှိခဲ့ပြီး၊ (၂၀၁၃) ဆီးဂိမ်းပြိုင်ပွဲမှာတော့ အမျိုးသားအသင်းလိုက်ဆုမှာ (ကြေးတံဆိပ်)၊ အမျိုး     သမီးအသင်းလိုက်ဆုမှာအမြင့်ဆုံးဖြစ်တဲ့ (ရွှေတံဆိပ်) ဆုတို့ကိုဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။ ယခု (၂၀၁၉) ခု     နှစ်မှာတော့ မြန်မာနိုင်ငံအနေနဲ့အမျိုးသားတစ်ဦးချင်းအာဆီယံစစ်တုရင်ပြိုင်ပွဲနဲ့ အမျိုးသားတစ်ဦးချင်းအပြည်   ပြည်ဆိုင်ရာ စစ်တုရင်ပြိုင်ပွဲတို့ကိုဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ပြိုင်ပွဲနှစ်ရပ်လုံးမှာ ရွှေတံဆိပ်ဆုဆွတ်ခူး ရယူဖို့မျှော်မှန်းထားကြောင်းကိုလည်း အခုလိုပဲပြောကြားသွားခဲ့ပါတယ်။၂၀၁၉ ခုနှစ်ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲအတွက် လက်ရွေးစင်စစ်တုရင်ကစားသမား ပဏာမအဆင့်ရွေးချယ်ပွဲကို   တော့ဇူလိုင်လ (၁၃) ရက်နေ့မှာရွေးချယ်သွားမှာဖြစ်ပြီး၊ အပြီးသတ်ကစားသမားရွေးချယ်ပွဲကိုတော့ လာမယ့်သြဂုတ်လအတွင်းမှာ ပြုလုပ်သွားမယ်လို့သိရပါတယ်။

 

 

Related News