ရန်ကုန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ဇူလိုင်လ(၂၈)ရက်နေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ စစ်ကိုင်းယူနိုက်တက်အသင်းနဲ့ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၁၈)မှာ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် နောက်ဆုံး(၇)ပွဲဆက် ပေးဂိုးမရှိစံချိန်နဲ့ အမှတ်ပေးဇယားရဲ့အဆင့်(၁)နေရာမှာ ဆက်လက်ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းဟာ ယခု (၂၀၁၉)ခုနှစ်မြန်မာ နေရှင်နယ်လိဂ်ဘောလုံးပြိုင်ပွဲရဲ့ ပထမ ရာသီဝက် ပြီးဆုံးချိန်မှာ ခံစစ်ပိုင်းအနည်းငယ်ယိမ်းယိုင်နေခဲ့ပြီး ပွဲစဉ်(၁၁)ပွဲမှာ(၇)ပွဲအထိ ဂိုးပေးထားခဲ့ရပြီး၊ စုစုပေါင်း ပေးဂိုး(၁၂)ဂိုးအထိ ခွင့်ပြုထားခဲ့ရတာပါ။

ဒုတိယရာသီဝက်ပြန်လည်စတင်ချိန်မှာတော့ ရန်ကုန်ယူနိုက်တက် အသင်းဟာ နည်းပြအပြောင်းအလဲနဲ့အတူ တိုက်စစ်နဲ့ခံစစ်ပိုင်း ပိုမိုကောင်းမွန်လာခဲ့ပြီး၊ အထူးသဖြင့် အသင်းရဲ့ ခံစစ်ပိုင်းက ဒုတိယရာသီဝက်ပွဲစဉ် (၇) ပွဲစလုံးဂိုးမပေးခဲ့ရအောင် စွမ်းဆောင် ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။လက်ရှိမှာတော့ရန်ကုန်ယူနိုက်တက်အသင်းဟာ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၁၈) ပွဲယှဉ်ပြိုင်ကစားထားပြီးချိန် အထိ (၁၁) ပွဲနိုင်၊ (၄) ပွဲသရေ၊ (၃) ပွဲရှုံးရလဒ်ထွက်ပေါ်ထားပြီး ရမှတ် (၃၇) မှတ်နဲ့ ဒုတိယနေရာက ရှမ်းအသင်းနဲ့ဧရာဝတီအသင်းတို့ကို ရမှတ်(၃)မှတ်ဖြတ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်း   အနေနဲ့ ယခုနှစ်မြန်မာနေရှင်နယ်လိဂ်ဒုတိယရာသီဝက်ပွဲစဉ် (၇)  တွေမှာ ပေးဂိုးမရှိဖြတ်သန်းထားနိုင်ခဲ့သလို လက်ကျန် (၄) ပွဲမှာလည်း အသင်းရဲ့ခံစစ်ကပုံစံကောင်းပြသပြီး ရာသီကုန်ဆုံးချိန်မှာ မြန်မာနေရှင်နယ်လိဂ်ရဲ့ (၂) နှစ်ဆက်ချန်ပီယံဆုကို သိမ်းပိုက်သွားနိုင်မယ်လို့ယုံကြည်ကြောင်း အခုလိုပဲပြောပြသွားခဲ့ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းဟာ လာမယ့်သြဂုတ်လ (၄) ရက်မှာ ချင်းလန်းအသင်းကို အဝေးကွင်းပွဲစဉ်အဖြစ် ရင်ဆိုင်ကစားရမှာဖြစ်ပြီး၊ ပွဲစဉ်(၂၀)မှာ ဧရာဝတီအသင်းကို အဝေးကွင်း၊      ပွဲစဉ် (၂၁) ဆောက်သမ်း မြန်မာ အသင်းကိုအဝေးကွင်းမှာရင်ဆိုင်ရမှာဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ် နောက်ဆုံး ပွဲစဉ်အဖြစ် ပွဲစဉ် (၂၂) မှာတော့ မကွေးအသင်းကိုအိမ်ကွင်းမှာ လက်ခံကစားသွားရမှာဖြစ်ပါတယ်။

 

Related News