တိုင်းဒေသကြီးနဲ့ပြည်နယ် အသက်(၁၃)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်ကို သြဂုတ်လ (၁)ရက် မနေ့ညနေက သုဝဏ္ဏမြက်ခင်းတုအားကစားကွင်းမှာ ပြုလုပ်ခဲ့ပြီး ဧရာဝတီတိုင်း ဒေသကြီး ကိုယ်စား ပြုအသင်းက အနိုင်ရဗိုလ်စွဲသွားခဲ့ပါတယ်။ ပညာရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ် အသက် (၁၃)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဇူလိုင်လ(၁၃)ရက်က စတင်ကာ အသင်း(၁၇)သင်းနဲ့ ကျင်းပခဲ့ တာပါ။ မနေ့က ညနေမှာတော့ ဗိုလ်လုပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနဲ့ ဧရာဝတီတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအသင်းက ဒုတိယပိုင်းမှာသွင်းယူခဲ့တဲ့ တစ်လုံး တည်းသောသွင်းဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

တိုင်းဒေသကြီးကိုယ်စားပြုဘောလုံးပွဲစဉ်ကိုတော့ မြန်မာဘောလုံးအဖွဲ့ချုပ်ကဦးစီးကာနှစ်စဉ်ကျင်းပခဲ့တာဖြစ်ပြီး အမျိုးသားမှာသာမက အမျိုးသမီးဘောလုံးအသင်းများကိုပါ အာရှအဆင့်ကိုပိုမိုထိုးဖောက်ဖို့ရည်ရွယ်တာလည်း ဖြစ်ပါတယ်။ ယခုနှစ်ပြိုင်ပွဲကိုဆုကြေးငွေများတိုးမြင့်ချီးမြင့်ထားပြီး ပထမဆု ကျပ်သိန်း (၃၀)၊ ဒုတိယဆု ကျပ် သိန်း (၂၀) နဲ့ တတိယဆု ကျပ် (၁၀) သိန်းပေးအပ်ချီးမြင့်ခဲ့တာပါ။ ပွဲကိုတော့ ပရိသတ်အများအပြားလာရောက် အားပေးခဲ့ကြပြီး အတော်လေးလည်းအကြိတ်အနယ်ရှိခဲ့တာ ဖြစ်ပါတယ်။ယခုပြိုင်ပွဲရဲ့ချန်ပီယံဆုကိုတော့ ဧရာဝတီတိုင်းဒေသကြီးအသင်းကရရှိခဲ့တာဖြစ်ပြီး၊ ဒုတိယဆုကို ရန်ကုန်တိုင်း ဒေသကြီးအသင်း၊ ပူးတွဲတတိယဆုကိုတော့ နေပြည်တော်အသင်းနဲ့ ကချင်ပြည်နယ်အသင်းတို့က ရရှိခဲ့တာပဲဖြစ်ပါတယ်။

 

 

Related News