ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ အနောက်အလယ်ပိုင်းတို့မှာ အများအားဖြင့် သာယာနေပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးရွာနိုင်ပါတယ်။ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီး နဲ့ ပြည်နယ်တို့တွင် အများအားဖြင့် သာယာပါမယ်။

မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိပါမယ်။နောက်(၂)ရက်အတွက် ခန့်မှန်းချက်ကတော့ ရှမ်းပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာ ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ပါတယ်။နေပြည်တော်နဲ့အနီးတစ်ဝိုက်နဲ့ မန္တလေးမြို့နဲ့အနီးတစ်ဝိုက်တို့အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့  တိမ်အသင့်အတင့် ဖြစ်ထွန်းပါမယ်။ ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက်အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ အများအားဖြင့်သာယာပါမယ်။     

Related News