ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ် ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။ ဒီကနေ့ညနေအထိခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်(မြောက်ပိုင်း)တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပါမယ်။ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်(တောင်ပိုင်း)တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှာ အများအားဖြင့် သာယာပါမယ်။  မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိပါမယ်။

 နောက်(၂)ရက်အတွက်ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန်္တလေးတိုင်း ဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ နေ့အပူချိန်များ အနည်းငယ်တိုးလာနိုင်ပါတယ်။ နေပြည်တော်နဲ့အနီးတစ်ဝိုက်နဲ့ ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက်တို့အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ အများအားဖြင့်သာယာပါမယ်။ မန္တလေးမြို့နဲ့ အနီးတစ်ဝိုက်အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းပါမယ်။ 

 

 

Related News