ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ အများအားဖြင့် သာယာနေပါတယ်။ဒီကနေ့ညနေအထိခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ကချင်ပြည်နယ် တို့မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။  ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပါမယ်။ 

မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်တင့်ရှိပါမယ်။နောက်(၂)ရက်အတွက်ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့မှာ မိုးဆက်လက် ထစ်ချုန်းရွာပါမယ်။
နေပြည်တော်နဲ့အနီးတစ်ဝိုက်၊ ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက်နဲ့ မန္တလေးမြို့နဲ့အနီးတစ်ဝိုက်တို့အတွက် ဒီကနေ့ညနေနအထိ ခန့်မှန်းချက်ကတော့ တိမ်အသင့်အတင့်ဖြစ်ထွန်းပါမယ်။   

 

 

Related News