ချင်းတွင်းမြစ်ရေကြီးလာတဲ့အတွက် ချင်းတွင်းမြစ်အတွင်းရေယာဉ်ကြီးတွေကိုတော့ သွားလာမှု ကန့်သတ်မထားဘဲရေယာဉ်ငယ်များ ရေကြောင်းသွားလာမှုကို ဇူလိုင်လပထမပတ်ကတည်း ကစတင်ကန့်သတ်ထားတာဖြစ်ပြီး ဇူလိုင်လ(၁၈)ရက်အထိကန့်သတ်လိုက်ပြီဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သိရပါတယ်။  လက်ရှိမှာ တော့ ကားလမ်းတွေကိုသာ အဓိကအားကိုးသွားလာနေရပြီး ရေကြောင်းသွားလာမှုနဲ့ ပတ်သက်ပြီး လုံးဝအသုံးချလို့ မရဘူးလို့ဆိုပါတယ်။ ကလေးနဲ့ကလေးဝမြို့တွေကို ကားလမ်းကိုသာ အသုံးပြု သွားရောက်နိုင်တယ်လို့ သိရပါတယ်။
 
ဇူလိုင်လ(၁၈) ရက်နောက်ပိုင်းမှာ ရေကြောင်းသွားလာမှုတွေကို ပြန်လည်ခွင့်ပြုမှာဖြစ်ပြီး  ရေကြောင်းသွားလာမယ့် ခရီးသည်တွေနဲ့ကုန်ပစ္စည်းတွေရဲ့ လုံခြုံရေးအတွက် စီစဉ်ထားတာ တွေရှိတယ်လို့ သိရပါတယ်။စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ကျေးရွာပေါင်း(၄၇)ရွာကို ရေ၀င်ရောက်ခဲ့ပြီး နေအိမ်(၂၃)လုံးမျောပါခဲ့ သလိုရေဘေးဒဏ်သင့် မိသားစုပေါင်း(၂၇၀၀)ကျော်ရှိတယ်လို့စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနရဲ့ ဇူလိုင်လ (၁၂)ရက်အထိ ကောက်ယူထားတဲ့စာရင်းတွေအရ သိရပါတယ်။ 
 
 
 

Related News