ချင်းတွင်းမြစ်အထက်ပိုင်းဒေသတွေမှာ ချင်းတွင်းမြစ်ရေပြန်လည်ကျဆင်းလာပေမယ့် စိုးရိမ်ရေမှတ်အောက်ကို မရောက်သေးတဲ့အတွက်ဆက်လက်စောင့်ကြည့်နေရတယ်လို့ သိရပါတယ်။ ချင်းတွင်းမြစ်ရေမြင့်တက်မူကြောင့် ချင်းတွင်းမြစ်အထက်ပိုင်းဒေသတွေဖြစ်တဲ့ ခန်္တီး၊ ဟုမ္မလင်း၊ မော်လိုက်စတဲ့မြို့နယ်တွေမှာ ဇူလိုင်လ(၂)ရက်ခန့်က စတင်ကာရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပြီး လက်ရှိမှာတော့ အဲဒီ့မြို့နယ်ကရေဘေးရှောင်ပြည်သူအချို့ဟာ ရေပြန်လည်ကျဆင်းလာလို့ နေရပ်ကိုပြန်လည်ပြောင်းရွေ့ ကြပြီဖြစ်တယ်လို့သိရပါတယ်။ ချင်းတွင်းမြစ်ရေဟာ ရေစတင်မြင့်တက်စဉ်က ချင်းတွင်းမြစ်အထက်ပိုင်းဒေသဖြစ်တဲ့ ခန္တီးမြို့နယ်မှာ စင်တီမီတာ (၁၅၀၀)ကျော်မြင့်တက်ခဲ့ပြီး အခုလက်ရှိမှာတော့စင်တီမီတာ (၆၀၀)ကျော်လောက်ပြန်လည်ကျဆင်းလာပြီဖြစ်တယ်လို့ခန္တီးမြို့နယ် မိုးလေ၀သနှင့်ဇလဗေဒဌာန ညွန်ကြားမူဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
 
ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးဒဏ်ခံစားခဲ့ရတဲ့ ခန္တီးမြို့နယ်အတွင်းမှာ အိမ်ထောင်စုပေါင်း(၃၁၀၀)ကျော်ရှိပြီး လက်ရှိမှာတော့အိမ်ထောင်စု(၇၀၅)စုဟာ ပြန်လည်ပြောင်းရွေ့ နေပြီ ဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင်ဟုမ္မလင်းမြို့နယ်နဲ့ မော်လိုက်မြို့နယ်မှာလည်း ရေပြန်လည်ကျဆင်း နေပြီဖြစ်ပြီးရေပြန်လည်ကျဆင်းပေမယ့်စိုးရီမ်ရေမှတ်အောက်ကိုေ ရာက်ရှီခြင်းမရှီသေးတဲ့အတွက်ဆက်လက်စောင့်ကြည့်နေရတယ်လို့ သိရပါတယ်။ ချင်းတွင်းမြစ်ရေဟာအထက်ပိုင်းဒေသတွေမှာ ကျဆင်းလာပေမယ့် ချင်းတွင်းမြစ်အောက်ဘက် ဒေသတွေမှာတော့ ရေကြီးမူကိုဆက်လက်ခံစားနေရတယ်လို့ သိရပါတယ်။
 
 

Related News